အော်ငါ့ဘဝ
အမိဝမ်းတဲကအတင်းတိုးထွက်ရုန်းကန်ခဲ့ရတာ-အဲဒါဘ၀အစ
ဆာလွန်းလို့အော်ဟစ်ရုန်းကန်နေခဲ့ရတာကဘ၀-အစရဲ့အစ
အမေကနွေးနွေးလေးထွေးထားပေမဲ့-မကြိုက်လို့ရုန်းကန်အော်ဟစ်ငို
နေခဲ့တာကလဲအစထဲအစ
ဘယ်မှာထားထားငါမနေလိုငိုယိုအော်ဟစ်ရုန်းကန်နေတာလဲအစထဲကအစဘဲ
စား-၀တ်-နေရေး ဒီသုံးရေးတွက်အစကထဲကငါရုန်းကန်ခဲ့ရပါကလား
ပထမအရွယ်-ဒုတိယအရွယ်- တတိယအရွယ်
အရွယ်သုံးပါစလုံး ဒီရုန်းသံသရာထဲမှာဘဲကျင်လည်နေခဲ့ရတာပါကလား
အော်အခုအရွယ်ညောင်းတော့ကော မရုန်းရတော့ဘူးတဲ့လား
သံယောဇဉ်အနှောင်အဖွဲ့တွေကတိုးလို့တိုးလို့ချည်နှောင်ကြပြန်တော့
ရုန်းရခက်နေပြန်ရော
ရုန်း
အော် ရုန်းပင်စိုက်ပျိုး -
ရုန်းမာန်ပျိုးခဲ့လေတော့
ရုန်းရခက်နေပြီမဟုတ်လား
အခုများမှာ မှ ရုန်းအားမသန်
အားမန်ယိုယွင်း- ရှင်သေမင်းရဲ့
ညှိုဆွဲခေါ်ရာ-ကေက်ကောက်ပါအောင် -
ရုန်းရင်း-ကန်ရင်း-ငြီးငြူရင်းနဲ့-
အရှုံးပေးလိုက်ရင်တော့
မင်းညံ့ရာကျလိုက်မည်
မောင်သုည
21 September 2013
No comments:
Post a Comment