ဘာရယ်လို့ဟုတ်ဖူး ထမင်းစားရင်း အလိုလို ဆေးတံတိုကဗျာက ပါးစပ်ထဲရောက်လာတယ်
ဆေးတံတို
ဆေးတံတို တညှိုလောက်
ရော့..သောက်ဘို့ပေး။
မယူလိုက်က
မိုက်လို့ထင့်၊
ယူလိုက်ပြန်က
ကြိုက်လို့ထင့်၊
သောက်စေချင်..
ကုတင်ထောင့်မှာ
ထောင်ခဲ့ကွဲ့ ညိုနွဲ့ရဲ့လေး။
မယ်ခွေ (ရှေးစာဆို)
ဒါနဲ့ ဘဲ အောက်က ဗျာလေး စပ်လိုက်မိတယ်
( ခတ္တာငုံ နှင့်ဆေးတံတို ဖူးစာ )
ခတ္တာငုံပန်းတခက်
ခူးဆက်လို့ပေး
မပန်လိုက်က မိုက်လို့ထင့်
ပန်လိုက်ပြန်က ကြိုက်လို့ထင့်
ပန်စေချင် - ကေသာထက်မှာ
ပန်ပေးကွဲ့ လေး
ပွဲခင်းကအပြန်
သူခေါင်းမှာ - ခတ္တာပွင့်တွေနဲ့ 
ဂုဏ်တင့်တယ်လေး
ဆေးတံတိုမောင်ကခဲလို့ရယ်
ရင်ထဲမယ်နွေး
မောင်သုည
ဆေးတံတို
ဆေးတံတို တညှိုလောက်
ရော့..သောက်ဘို့ပေး။
မယူလိုက်က
မိုက်လို့ထင့်၊
ယူလိုက်ပြန်က
ကြိုက်လို့ထင့်၊
သောက်စေချင်..
ကုတင်ထောင့်မှာ
ထောင်ခဲ့ကွဲ့ ညိုနွဲ့ရဲ့လေး။
မယ်ခွေ (ရှေးစာဆို)
ဒါနဲ့ ဘဲ အောက်က ဗျာလေး စပ်လိုက်မိတယ်
( ခတ္တာငုံ နှင့်ဆေးတံတို ဖူးစာ )
ခတ္တာငုံပန်းတခက်
ခူးဆက်လို့ပေး
မပန်လိုက်က မိုက်လို့ထင့်
ပန်လိုက်ပြန်က ကြိုက်လို့ထင့်
ပန်စေချင် - ကေသာထက်မှာ
ပန်ပေးကွဲ့ လေး
ပွဲခင်းကအပြန်
သူခေါင်းမှာ - ခတ္တာပွင့်တွေနဲ့ 
ဂုဏ်တင့်တယ်လေး
ဆေးတံတိုမောင်ကခဲလို့ရယ်
ရင်ထဲမယ်နွေး
မောင်သုည
No comments:
Post a Comment