ကြမ္မာရဟပ်တစ်ပတ်လည် (သို့မဟုတ်) အထီးကျန်
ပ -
ကြမ္မာရဟပ်တစ်ပတ်လည် အထီးကျန်
မောင်သုည
အဖွင့်သီချင်း
( ချစ်ပင်ချစ်မိုးချစ်လိုက်ပါတဲ့မေ
- သဉ္ဇာညောင်ဗွေအမြဲလိုတန်းတနေ-
မောင်မှန်းဆကာ အလွမ်းပြေ-အလွမ်းပြေ -မေ့ဓါတ်ပုံတွေပြုံးယောင်ပါလို့နေ-မမုန်းနိုင်ဘူးမောင့်တစ်သက်မှာလေ
- ဘုန်းမောင်သက်ထားမေ -)
သည်သီချင်းကလေးကကျွန်တော်နဲ့မေတို့ရဲ ချစ်သူတို့ဘဝ
အချစ်ခရီးကိုအစပျိုးပေးခဲ့တာပါ
မေကရတနာဆောင်မှာနေတော့ကျွန်တော်သူငယ်ချင်းတွေနဲ့ညတိုင်း
အဆောင်ရှေ့သွားပြီးသည်သီချင်းနဲ့မေ့ကိုချစ်ရေးဆိုခဲ့တာပါ
တိုတို့ပြောရရင် မေ နဲ့
ကျွန်တော်တို့အချစ်ဇာတ်လမ်းကသည်သီချင်းကြောင့်ဘဲ
ဆုံဆည်းခဲ့ကြတယ်လို့ဆိုရမှာပါ၊
မေနဲကျွန်တော်တို့ကျောင်ပြီးလို့အလုပ်တွေကိုယ်စီရတဲ့အထိကိုယ့်ရည်ရွယ်ချက်
ပန်းတိုင်မရောက်မချင်းကျိုးစားပြီးနေခဲ့ကြပါတယ်၊
မေက( Eco )နဲ့ကျောင်းပြီးတယ်။ရုံးတစ်ရုံးမှာစာရင်းကိုင်အလုပ်တစ်ခုဝင်လုပ်ပါတယ်၊
ကျွန်တော်ကBsc(Civle)နဲ့ပြီးပါတယ်။ကျောင်းပျြီးတော့ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ
ဝင်လုပ်ရင်းအဆက်အသွယ်ကောင်းရတာနဲ့ထိုင်းနိုင်ငံမှာဆောက်လုပ်ရေးလုပ်ငန်း
(
Contractor ) အလုပ်-လုပ်နေပါတယ်။
အလုပ်အကိုင်ကတော်တော်လေးအဆင်ပြေလာလို့၊မေနဲ့လက်ထပ်လိုက်ကြပြီး
မေ့ကိုထိုင်းကိုခေါ်ထားနိုင်ခဲ့ပါတယ်၊
အဲဒီဒါပေမဲ့ကျွန်တော်နဲ့မေတို့်လက်ထပ်ခဲ့ကြတာတစ်နှစ်ကျော် ၂
နှစ်နီးပါးလောက်ရှိခဲ့ပေမဲ့
ခလေးတစ်ယောက်မှမရကြသေးပါဘူး။
ဒါကလဲမေ
ကျောက်ကပ်မကောင်းလို့ကျောက်ကပ်တစ်လုံးထုတ်ထားရတာကြောင့်
ဖြစ်မလားတော့မပြောတက်ပါဘူး၊
“ မေကလဲ မောင့်ကိုသားသားလေးတစ်ယောက်မွေးပေးပါဆိုမှ”
“
အို - မောင်က လဲ ဒါဘဲခဏခဏပြောနေတာဘဲ -
မေ့အကြာင်းလဲမောင်သိသားနဲ့မေလဲလိုချင်တာပေါ့ “
“
သူများကို ဒုက္ခပေးမလို့လား “
“
အေးပါ ကွယ်
မောင်နားလည်ပါတယ် မောင်ကစတာပါ “
02
`သူပြောတာလဲ မှန်နေတော့
ကျွန်တော်လဲကျေနပ်ရတာပေါ့
ကျွန်တော့ဆောက်လုပ်ရေးအလုပ်ကတော်တောအလုပ်များပါတယ်၊
အလုပ်ဆိုက်တွေက
နှစ်ဆိုက် သုံးဆိုက် တပြိုင်ထဲကျတဲ့အခါလဲကျတယ်။
တခါတစ်လေနယ်မှာသွားလုပ်ရတာလဲရှိတယ်၊
ဆောက်လုပ်ရေးအလုပ်ဆိုတာက တစ်နေရာထဲဘယ်ရှိပါ့မလဲ
ဆိုက်ရှိတဲ့နေရာမှာလိုက်လုပ်ရတာပေါ့
ကျွန်တော့ရဲ့ ခံယူချက်ရ
အိမ်ထောင်တစ်ခုတည်ဆောက်ဘို့အတွက်ငွေဟာအရေးကြိးတယ်
ငွေမရှိရင်ဘာမှလုပ်လို့မရဘူး-ငွေမပြည့်စုံဘဲနဲ့အိမ်ထောင်တစ်ခုတည်တောင်ဘို့
မစဉ်းစားသင့်ဘူး-
ဒါကျွန်တော့ခံယူချက်ပါ၊
ဒါကြောင့်ငွေကိုအရင်ရအောင်ကပထမဆုံးရှာဖွေစုဆောင်းပြီးမှ
မေနဲ့ကျွန်တော်လက်ထပ်ဘို့ဆုံးဖြတ်ခဲ့ပါတယ်၊ချစ်သူတို့ဘ၀နဲ့၃
နှစ် ၄ နှစ်လောက်ကြာအောင်
အလုပ်ကိုကျိုးစားငွေကိုရှာပြိးမှလက်ထပ်ခဲ့ကြတာပါ၊
ကျွန်တော်တွက်တာမှန်တယ်လိုပြောရမလားမသိဘူးလက်ထပ်ပြီးတော့မကြာခင်
မေကကျောက်ကပ်မကောင်းလို့ဆေးရုံတက်ရတယ်၊ကျောက်ကပ်တစ်လုံးခွဲထုတ်လိုက်ရတယ်၊
နိုင်ငံခြားမှာနေတာဆိုတော့၊ငွေတော်တော်ကုန်ပါတယ်၊
ကျွန်တော်ရှာထားတွေတော်တ်ာလေးလျော့သွားတယ်၊
တော်ပါသေးတယ်ကြိုတင်စီမံချက်ချထားလို့တာပေါ့၊
အဲဒါကြောင့်အလုပ်ကိုဘဲကျိုးစားလုပ်ပြီးငွေကိုဆက်ရှာနေရပါတယ်၊
မေကပင်ပင်ပန်းပန်းသိပ်အလုပ်မလုပ်နိုင်တော့ဘူး
မေကChineseသွေးနဲနဲပါတယ်တရုပ်စာကောစကားကောကောင်းကောင်းပြောတက်
ရေးတက်တယ် ဒါနဲ့မေအင်စတီကျုတစ်ခုမှာAccount
ဆရာအလုပ်ရပါတယ်
သူ့အတွက်ကားတစ်စီးဝယ်ပေးထားပါတယ်ကျောင်းကိုသူကိုယ်တိုင်ကားမောင်းသွားပါတယ်၊
ဒါတောင်တစ်ခါတလေပင်ပန်းလို့ဆိုပြိးကျောင်းမသွားတဲ့နေလဲရှိသေးတယ်၊
အိမ်မှာအိမ်အလုပ်တော့သူဘာမှမလုပ်ရပါဘူး။အိမ်မှာကူဖေါ်လောင်ဘက်မိန်းခလေး
တစ်ယောက်ရှိပါတယ်။သူနာမည်ကမမော်တဲ့၊အိမ်မှုကိစ္စအားလုံးစိတ်ချရတယ်။
03
ကျွန်တော်ကမနက်မေမနိုးခင်အိပ်ယာထပြီးရေချိုးဘုရားရှစ်ခိုး၊နံနက်စာ
(
Brakefast )စားပြီးအလုပ်သွားတော့တာဘဲ၊
ကျွန်တော်နဲ့မေနဲ့ က ကျွန်တော်အလုပ်ထဲရောက်မှ
ဖုံးနဲ့စကားပြောရတာပါ
“ Goodmorning မေ နိုးပြီလား
ဒီေ့ကျောင်းသွားလား မနက်က ဘာနဲ့စားလဲ
“ နိုးပြီလေ - မမော်
ဖျော်ပေးတဲ့ကော်ဖီပေါ့ဒီနေ့နဲနဲမောနေလို့
ကျောင်းမသွားဘူးခွင့်တိုင်ထားတယ်၊”
“အော် ဟုတ်လား
အိမ်မှာပတ္တမြားသွေးဆေးရှိတယ်လေအဲဒါသောက်လိုက်လေ”
“
သိပါတယ် အဲဒါ သောက်ပြီးပြီ - ခဏနေကောင်းသွားမှာပါ -
ဒါပေမဲ့ အိမ်မှာနေရတာပျင်းလို့
မနက်ဖြန်တော့ ကျောင်းတက်မယ် ”
“ မေ
သိပ်မောနေရင်လဲမသွားနဲ့လေအိမ်မှာနားနားနေနေ-
နေပေါ့မောင်အလုပ်ပိုလုပ်မှာပေါ့”
“ရပါတယ် မေ လုပ်နိုင်ပါတယ် မောင်သိပ်ပင်ပန်းနေမှာပေါ့ “
“ရပါတယ် လုပ်မနေနဲ့ ကျန်းမာရေးဂရိုစိုက်နော်”
“ဒါဘဲနော် အလုပ် ဆက်လုပ်လိုက်အုံးမယ်”
“
အော် မောင် မနက်ဖြန်မေ့မွေးနေ့လေ မောင်မမှတ်မိဘူးလား
“
“
အော် အေးဟုတ်သားဘဲ မနက်ဖြန် သောကြာနေ့ မေ့မွေးနေ့ဘဲ
“
“
အော် အခုမှ ဟုတ်သားဘဲလုပ်နေတယ် မောင်မေ့နေတယ် မဟုတ်လား “
“ မဟုတ်ပါဘူးကွာ မောင်သိပါတယ် ကဲ ကဲ မေ့ မွေးနေ့မှာဘာလုပ်ချင်လဲ ဘာလိုချင်လဲပြော”
“ မေ ဘာမှမလိုချင်ပါဘူး ဘုန်းကြီးအိမ်မှာပင့်ပြီးဆွမ်းကြွေးချင်တယ်
“
“ ရတယ်လေ မောင် စီစဉ်လိုက်မယ်
စိတ်တိုင်းကျ ထမင်းဆိုင်ကို မနက်ဖြန်ဒန်ပေါက်
လာပို့ဘို့မှာလိုက်မယ် နော်
မေ ဘယ်နှစ်ယောက်စာမှာ မလဲ “
“ သိပ်များများမှာ ပါဘူး
အပြင်လူမှ မဘိတ်တာ မောင်ကြည့်မှာလိုက်နော်”
“ အိုကေ အိုကေ”
တစ်နေ့တစ်နေ့မေ နဲ့ ဖုန်းပြောရတာဒီလောက်ပါဘဲံ
ကျွန်တော် နဲ့မေနဲ့ က
အိမ်မှာသိပ်စကားပြောချိန်မရကြဘူး-ကျွန်တော်အိမ်ပြန်ရောက်တော့မေက
အိပ်နေပြီကျွန်တော်ကလဲအိမ်ရောက်ရင်ရေချိုးထမင်းစားပြီး နေ့လည်ကအလုပ်တွေ
ငွေစာရင်းတွေကိုစာရင်းရေးမှတ်ရထာနဲ့နောက်တစ်နေ့အတွက်လုပ်ငန်းအစီအစဉ်ချရတာ၊
လို့အပ်တဲ့နေရာမှာတင်ပြဘို့ ဒီဇိုင်းဆွဲရတာနဲ့ဆိုတော့
တော်တ်ာနဲ အိပ်ယာထဲမရောက်နိုင်ဘူး
မနက်ကျတော့ မေ မနိုးခင် အစောကြီးအလုပ်သွားရပြန်ရော။
04
မောင် ဘုန်းကြီးတွေကိုနေ့ဆွမ်းကပ်မှာနော် မောင်
ဟုတ်တယ်မေ မောင်အလုပ်ခဏသွားပြီး
စီစဉ်စရာရှိတာလေးစီစဉ်ပြီးဘုန်းကြီးဆွမ်းစား
အမှီပြန်လာခဲ့မယ် နော်.
ကဲ ကြွ ကြွ
မေက ကျွန်တော့ကို မလိုမကျတဲ့ဟန်နဲ့ ငေါ့တော့တော့ပြောလိုက်ပါတယ်။
အလုပ်ရောက်တော့ အလုပ်သမားတွေကို စီစဉ်စရာရှိတာလေးတွေစီစဉ်ပြိး
ထွက်မယ်လုပ်တော့ အဆောက်အဦးပိုင်ရှင်ရောက်လာတာနဲ့အလုပ်အခြေအနေကို
နဲနဲရှင်းပြနေရပါတယ်၊
နာရီကြည့်လိုက်တော့ အိမ်မှာဘုန်းဘုန်းတွေရောက်နေလောက်ပြီဆိုပြီးမနဲစကား
ဖြတ်ပြီးအိမ်ကိုဒုန်းဆိုင်းမောင်းလာခဲ့ပါတယ်။
အိမ်ရောက်တော့နဲနဲနောက်ကျသွားတယ်
မေ့မျက်နှာကြည့်ရတာသိပ်မကောင်းဘူး
ဘုန်းဘုန်းတို့နဲ့လဲစကားနဲနဲဘဲပြောလိုက်ရပါတယ်.
ခဏနေနော့ ဘုန်းဘုန်းတို့ကပြန်ကြွတော့မယ်ဆိုလို့ ကျောင်းကိုလိုက်ပို့
လိုက်ရပါတယ်
မေ - မောင်ဘုန်းဘုန်းတွေကိုလိုက်ပြန်ပို့လိုက်အုံးမယ်နော်
မေ့ ဆိက ဘာမှစကားပြန်မပြောသံအကြား ခဲ့ဘူး
ဒီနေ့တော့ မေ့ကျွန်တော့ကို စိတ်တော်တော် ဆိုးသွားပုံရပါတယ်
မွေးနေ့မှာတောင်သူ့အတွက်အချိန်မပေးနိုင်ဘူးပေါ့
လမ်းမှာဘုန်းဘုန်းကလဲ
တကာကြီးက အလုပ်တော်တော်များ သကိုးလို့ ပြောရှာပါတယ်
ဒါနဲ့ဘဲမေ့ကို မေစိတ်ဆိုးတာပြေသွားအောင် မေ့ကိုချော့ဘို့စကားစလိုက်ပါတယ်
နောက်တစ်နေ့မနက်အလုပ်ဆိုက်ရောက်တော့ မေ့ကိုဖုံးခေါ်စကားပြောရတယ်
“ မေ နိုးပြိလား ဒီနေ့ မောင်မေ့အတွက်အိမ်မှာနေရတာ
မပျင်းအောင် ကွန်ပြူတာတစ်လုံးမှာထားတယ် ၊အဲဒါလာပို့လိုက်မယ်
သူဘဲဆင်ပေးသွားမယ် နော် “
“
ဟယ် ဟုတ်လား ကောင်းတာပေါ့ ဒါပေမဲ့ မေ မှကွန်ပြူတာမသုံးတက်တာ”
“
အော် ကိစ္စမရှိဘူး မောင်ပြန်လာရင်သင်ပေမယ် မေ
မအိပ်နဲအုံ့းနော်
ဒီတပတ် Sunday မောင်
အားတယ် တစ်နေ့လုံးသင်ပေးမယ်”
“
ကောင်းတာပေါ့ နောက်မှ မအားဘူးအလုပ်ပေါ်လာတယ်မလုပ်နဲ့နော်”
04
“
အေးပါ ကွန်ပြူတာလာ
ဆင်ပေးမဲ့သူကို မောင် အလုပ်က ပါ စိတ်ချရပါတယ်
မစိုးရိမ်နဲ့ မမော်ကို လဲ
ဘေးမှာစောင့်နေလို့ပြော”
“
အိုကေ ဘိုင်
ဘိုင် “
ဒီနေ့ အိမ်ကို စောစောပြန်ရောက်တယ်
အိမ်မှာ ကွန်ပြုတာရောက်နေတယ်ဆိုတော့
မေ့ကိုသင်ပေးစရာကလဲရှိနေလို့
မေလဲ စောင့်နေတယ် ။
“ဟော မောင်ပြန်လာပြီ - နေ့လည်ကဘဲကွန်ပြူတာလာဆင်ပေးသွားတယ်
သူလဲ ဘယ်လိုဖွင့်ရတယ်
ဘယ်လိုပိတ်ရတယ် ဆိုတာနဲနဲပြပေးသွားတယ်”
“
အိုကေ - ကွန်ြ့ပူတရ ပြီိဆိုတော့ အင်တာနက်လဲ
တပ်ပေးရအုံးမယ်
မနက်ဖြန် Sunday
မှာ အားလုံးပြီးအောင်လုပ်ပေးခဲ့မယ်”
“ကဲ မေ အခုလောလောဆယ် မေ Window နဲ့
word
ကိုရင်ပြပေးမယ်
နောက်အင်တာနက်ရတော့ မှတဖြေးဖြေး Facebook
တို့ Blog တို့ ဖွင့်ပေးမယ်နော်”
“ရတယ်လေ မောင်အဆင်ပြေသလိုလုပ်ပါ မောင်က အလုပ်မအား ရတဲ့အထဲ”
“ရပါတယ် မေ ရဲ့  မောင် က မေ အိမ်မှာ တစ်ယောက်ထဲ
ပျင်းနေမှာစိုးလို့ပါ “
ကျွန်တော်က မေ့ကို
ကွန်ပြူတာဖွင့်ပုံပိတ်ပုံကိုစသင်ပေးပါတယ်၊
နောက်စာရိုက်ဘို့ Word ကိုစသင်ပေးပါတယ်
၊
Gmail
Account တစ်ခု နဲ့ 
ဖေ့ဘုတ်အကောင့်တစ်ခုဖွင့်ပေးထားတယ်
“Password ကို
မေ့မွေးတဲ့ခုနှစ်ရယ် လ ရယ်ကိုယူလိုက် အဲဒါဆိုမမေ့တော့ဘူး”
“အင်းကောင်းတယ် - မေ့ကသိပ်သတိမေ့တက်တာဆိုတော့
အဲဒါဘဲကောင်းတယ် “
“Gmail Facebook ကော Password တစ်ခုထဲထားနော်
သိပ်စဉ်းစားမနေရအောင်လို့”
“အိုကေ အိုကေ ရပါပြိ မောင်ရဲ့  ဒီနေ့တော့
ဒီလောက်နဲ့စလေ့ကျင့်နေမယ်နော်
မေ-မသိတာ မောင့်ကိုဖုန်းဆက်ပြီးလှမ်းမေးမယ်၊”
“အိုကေ “
မေကသိပ်မဆိုးပါဘူး
တစ်ပတ်လောက်နဲ့သူကောင်းကောင်းသုံးတက်နေတယ်
တစ်ခါတစ်လေ သူမလုပ်တက်တာကိုဖုံးဆက်မေးတယ်။
မေကစာရေးကောင်းတယ်ဆိုတော့သူတင်တဲ့ Postတွေကိုလူတော်တော်
များများကကြိုက်ကြတယ်၊Comment တွေတော်တော်လာတယ်လို့ပြောတယ်၊
Friends တွေလဲတော်တော်များလာတယ်ဆိုတော့စကားပြောဖေါ်တွေရလာတယ် ။
ကျွန်တော်ကလဲမေ့ကိုအဲဒီလိုဘဲဖြစ်စေချင်တာပါအဓိကကတော့အိမ်မှာတစ်ယောက်ထဲ
(အထီးကျန်)ဖြစ်နေမှာစိုးလို့ဒီလိုစီစဉ်ပေးထားတာပါ။
05
ကျွန်တော်ဆီဖုံးဆက်တဲ့အခါမှာသူ့ဘယ်သူနွှဲမိတ်ဆွေဖြစ်တယ်၊ဘယ်သူကဘာပြောတယ်
အကုန်ပြန်ပြောပြတယ်။
“မောင်ရေ ကျောက်ကပ်တစ်လုံးလှူမယ်တဲ့ ဖေ့ဘုတ်မှာတွေ့တယ်”
“ဟုတ်ရဲ့လား သေချာရဲ့ လား”
“အော်ဒီမှာလိပ်စာလဲပါတယ် ဆက်သွယ်ပါတဲ့”
“ကောင်းတာပေါ့ မေဆက်သွယ်ကြည့်လေ ဘယ်မှာတဲ့လဲ”
“
စင်ကာပူမှာတဲ့မောင်ရဲ့  အဲဒါ မေ့ Friend
က ရှာပေးတာ
သူက မေ့ကို
သိပ်ဂရုစိုက်တာမောင်ရဲ့  မေ့ကို ကိုယ်ချင်းစာတယ် သူဘဲ
ကျောက်ကပ်သမားတွေ
လိုအပ်တဲ့အစားအစာတွေ ရှာပြီးပြောပေးနေတာ”
“ကောင်းပါတယ် မောင်ကလဲ အင်တာနက်မထိုင်နိုင်တာဆိုတော့
မေလဲအဖေါ်ရတာပေါ့”
“ဒါပေါ့မောင်ရဲ
့မေဆက်သွယ်ကြည့်လိုက်မယ်မောင်နော်”
နောက်တော့မေကကျောက်ကပ်အစားထိုးဘိုသူစင်ကပူသွားမယ်
ဟိုမှာအစစကူညီမဲ့လူရှိတယ်လိုပြောတယ်၊
“ဟာ တစ်ကယ်လားမေ - ဖြစ်ပါ့မလား မောင်လိုက်မှာပေါ့ “
“မောင်အလုပ်မအားရင်လဲရတယ်လေ ကိစ္စမရှိဘူး မမော်ကိုခေါ်သွားမယ်
ဟိုမှာအားလုံးစီစဉ်ပြီးပြီမောင်ရဲ
့”
“ဘာဘဲဖြစ်ဖြစ်ဒီကိစ္စကမောင်မလိုက်လို့ဘယ်ဖြစ်မလဲ”
“ကဲမေဘယ်နေ့ခွဲစိတ်မယ်ဆိုတာကိုစီစဉ်လိုက်မောင်အလုပ်ကိုတစ်ပတ်
စာခွင့်ယူပြီးစီစဉ်ထားခဲ့မယ်မောင်လိုက်ပို့မယ်”
“ဒါဆိုလဲ မေစီစဉ်လိုက်မယ်နော် “
“အိုကေ “
နောက်တစ်ပတ်လောက်ကြာတော့ မေက သူ့စီစဉ်ပြီးတာကိုပြောပြတယ်
“မောင်ရှေ့တစ်ပတ်ဆိုရင် ကျောက်ကပ်လှူမဲ့လူကလဲအစဉ်သင့်ဖြစ်မယ်တဲ့
သူကိုလဲဆရာဝန်ကဆေးစစ်ပြီးပြီတဲ့
အဲဒါမောင် လေယဉ်လက်မှတ်
တွေဝယ်ထားလိုက်တော့”
မေ့ကိုကျောက်ကပ်အစားထိုးလဲဘို့စင်ကပူလိုက်ပို့ပါတယ်။ဟိုမှာကူညီမဲ့လူကိုတွေ့ပါတယ်။
သူကဆရာဝန်တော့မဟုတ်ဘူးဆေးရုံက၀န်ထမ်းတစ်ယောက်ပါ၊
မေနဲ့Facebook မှာတွေ့လို့မိတ်ဆွေဖြစ်ကြရင်း၊
မေကကျောက်ကပ်တစ်လုံးထုတ်ထားရတယ်ဆိုတာသိလို့၊ဒီမှာလဲ
ကျောက်ကပ်လှူမဲ့စေတနာရှင်ပေါ်နေတာနဲ့လှမ်းပြောပေးတာတဲ့၊”
06
ကုန်ကျစရိတ်နဲ့နေဘို့ထိုင်ဘို့တိုင်ပင်ဆွေးနွေးကြပြီးတဲ့နောက်
ကျောက်ကပ်လှူမဲ့စေတနာရှင်နဲ့တွေ့ပေးပါတယ်၊လှူတဲ့လူကလဲ
စေတနာနဲ့လှူတာဆိုတော့ငွေရေးကြေးရေးစကားမပြောပါဘူး၊
ခွဲစိတ်တဲု့ကုန်ကျစရိတ်ကိုဘဲကိုယ်ကခံရမှာပါ၊နေရေးထိုင်ရေးကိုတော့မေနဲ့
Friend သူ
ကအားလုံးစီစဉ်ပေးပါတယ်၊
နောက်ဆုံးတော့ခွဲစိတ်ဖြစ်ခဲ့ပါတယ်၊တစ်ပတ်လောက်အခြေအနေစောင့်ကြည့်ရမယ်
နောက်တစ်လတစ်ခါလာပြရမယ်ဆိုတော့၊ကျွန်တော့အလုပ်ကကြာကြာပစ်ထားလို့မဖြစ်
တာကြောင့်မေ့ကိုမမော်နဲ့ထားခဲ့ရပါတယ်။
ကျွန်တော်ဘန်ကောက်ပြန်ရောက်တော့၊အလုပ်တွေကိုပြန်စပြီးနောက်ထပ်ငွေထပ်ရှာဘို့
ပိုကျိုးစားလုပ်ရပါတယ်၊
မေ့ဆီကကျန်းမာရေးအခြေအနေကောင်းတဲ့အကြောင်းနေရေးထိုင်ရေး
ဘာမှလိုလေသေးမရှိကြောင်းနဲ့စိတ်မပူဘို့ပြောလာပါတယ်။
နောက်ပြီးမေကတရုပ်စကားနဲ့စာကိုကောင်းကောင်းပြောတက်ရေးတက်တော့
သူ့Friendကတရုပ်စာနဲ့အင်္ဂလိပ်စာပြဘို့ဆရာအလုပ်တစ်ခုရှာပေးထားတယ်တဲ့၊
စင်ကပူမှာတစ်လတစ်ခါကျောက်ကပ်အခြေအနေစစ်ဆေးဘို့အနဲဆုံးတစ်နှစ်လောက်
နေရမှာဆိုတော့နေစရိတ်ထိုင်စရိတ်နဲ့ဆရာဝန်ပြဘို့အတွက်တွေလိုလာမှာဆိုတော့
မေလဲအလုပ်ကိုလက်ခံလိုက်တယ်တဲ့၊
ကျွန်တော်ကလဲဆောက်လုပ်ရေးအလုပ်ကအဆင်ပြေနေတော့မေ့အတွက်ကောကျွန်တော့
အတွက်ပါအဆင်ပြေအောင်မေအလုပ်လုပ်မယ်ဆိုတာကိုခွင့်ပြုလိုက်ပါတယ်။
ဒီလိုနဲ့မေ့နဲ့ကျွန်တော်တို့ရဲ့အိမ်ထောင်ရေးကမေ့ရဲ့ကျန်းမာရေးအခြေအနေကိုငဲ့ကွက်ပြီး
တစ်ယောက်တစ်နေရာစီတစ်ကွဲတပြားခွဲနေရကြပါတယ်။
အခြေအနေနဲ့အချိန်ကလတွေရဲ့ကုစားပေးမှုအရကျွန်တော်လဲအဖေါ်မရှိဘဲတစ်ယောက်ထဲ
နေတက်သွားသလို၊မေကလဲတစ်ယောက်ထဲနေတက်သွားပါတယ်။
ဒီလိုနဲ့ တစ်ယောက်ထဲအထီးကျန်ဘ၀နဲ့နေလာခဲ့ရင်းတစ်နေ့မှာတော့
ပျင်းပျင်းရှိတာနဲ့ မေ့ကွန်ပြူတာကိုဖွင့်ကြည့်မိခဲ့တယ်
မေ့ရဲ့ Facebook Account တို့ gmail တို့ Blog တို့ကို ကျွန်တော်ကိုယ်တိုင်ဖွင့်ပေးခဲ့တာဆိုတော့
Password
ကိုသိနေတော့ ဖွင့်ကြည့်မိတယ်၊
မေနဲ့သူFriend တို့နှစ်ယောက်Chat Boxမှာအပြန်အလှန်စကားပြောနေပုံ
တွေတွေ့တော့မှမေဟာရဲ့ အထီးကျန်ဘ၀ကိုရင်ဖွင့်ရင်း
အဖေါ်မွန်တစ်ယောက်ရသွားတာကိုသိလိုက်ရတယ်
07
မေက
သူတစ်ယေက်ထဲအထီးကျန်ဖြစ်နေတာကိုတော်တော်လေးရင်ဖွင့်ထားတာ
တွေ့ရတယ်
မေ့မွေးနေု့တုန်းကကျွန်တော်နောက်ကျမှရောက်လာတာကိုသူတော်တော်ဝမ်းနည်းသွားပုံရတယ်
၊အဲဒီနေ့ကကျွန်တော်မရောက်ခင်ဘုန်းဘုန်းကိုတိုင်ထားတာတွေကိုရင်ဖွင့်ထားတယ်
အဲဒါကြောင့်မေ့ရဲ့ကွက်လပ်ကိုသူ့Friend
ကအစားထိုးလိုက်တာဘဲ
နောက်ဘုန်းဘုန်းနဲ့ဆုံတော့ဘုန်းဘုန်းပြန်ပြောမှသိရတယ်
“တကာကြီးရဲ့ ဇနီးကသူ့မှာ
ဘာမှလိုလေသေးမရှိအောင်အားလုံးပြည့်စုံပါတယ်တဲ့
ပိုတ်ဆံတွေလဲအများကြီးရပါတယ်တဲ့၊အိမ်မှာလဲ TV
ရေခံသေတ္တာ ၊ မောတော်ကား
-အားလုံးသူ့ခင်ပွန်းက၀ယ်ပေးထာပါတယ်
ဒါပေမဲ့သူမပျော်ခဲ့ဘူးတဲ့
အိမ်မှာခင်ပွန်းဖြစ်သူနဲ့အေးအေးဆေးဆေးရင်းရင်းနီးနှိးစကားပြောဘို့အချိန်လေးတောင်မရဘူးတဲ့၊
ခင်ပွန်းဖြစ်သူက မိုးချုပ်မှအိမ်ပြန်ရောက်တယ်။
ထမင်းလဲတစ်ယောက်ထဲစားရတာများပါတယ်တဲ့
တစ်ညလုံးနေလည်ကလုပ်ခဲ့တဲ့စာရင်းတွေကိုပြန်သွင်းနေရတော့၊
တော်တ်ာနဲ့မအိပ်ဖြစ်ဘူးတဲ့၊မနက်ကျတော့လဲ၊အစောကြိးအလုပ်ထွက်သွားတော့၊
ပြောစရာရှိရင်တောင်အလုပ်ထဲကျမှ
တယ်လီဖုန်းနဲ့ဆက်ပြိးပြောကြရတာပါတဲ့
ဘုန်းဘုန်းကပြောတယ် - တကာကြီးရဲ့ ဇနီးက မေတ္တာငတ်နေတာပါတဲ့”
ကျွန်တော်လဲ ဘုန်းဘုန်းပြောမှကျွန်တော်အဖြစ်ကိုပြန်ပြီးစဉ်းစားကြည့်တော့-တကယ်ဘုန်းဘုန်းပြောတာမှန်နေတာတွေ့ရတယ်၊
အခုမှ ကျွန်တော်မှားမှန်းနောင်တရမိတယ်
ကျွန်တော်က မေ့ကိုတစ်ယောက်ထဲပျင်းမှာစိုးလို့ကွန်ပြုတာတစ်
လုံးဝယ်ပေးထားပြိးFacebook ဖွင့်ပေးခဲ့တာ အခု ဒီ facebook ကဘဲ
သူ အဖေါ်တွေစုံလို့ လက်တွဲဖေါ်တောင်ရနေပြီဆိုတာ
Facebook မှာသူတို့ချင်းChat Box မှာပြောထားတာတွေ
( ဒီနေ့ ဒီလောက်ပဲနော် အိပ်တော့မယ် အာဘွား )
လို့နှုတ်ဆက်ကြတာတွေက
ကျွန်တော့ရင်ထဲကို မီးစနဲ့ထိုးသလိုမွှေနှောင်လောင်ကျွမ်းစေခဲ့ပါတယ်။
အခု ကျွန်တော်ကောင်းကောင်းဝဋ်လည်နေပါပြီ
မေ့ကို တစ်ယောက်ထဲ အထီးကျန်ဘ၀ နဲ့ ပစ်ထားခဲ့တဲ့ကျွန်တော်
တစ်ကယ်အထီးကျန်တဲ့သူကကျွန်တော်တစ်ယောက်ဖြစ်နေပါပြိ -
မေ့အဆောင်ကိုညတိုင်းသွား ပိုးခဲ့ရတဲ့ဒီသီချင်းကလေးက အခုမှ
ကိုပြိးဆိုလို့ကောင်းနေတယ်မေရေ
သတိရတိုင်းမေ့ဓါတ်ပုံလေးကြည့်ပြိးဆိုနေမိပါတော့တယ်
အပိတ် သီချင်း
( မောင်-မှန်းဆကာ အလွမ်းပြေ -
အလွမ်းပြေ မေ့ဓါတ်ပုံတွေပြုံးရောင်ပါလို့နေ-မမုန်းနိုင်ဘူး-မောင့်တစ်သက်မှာလေ -
ဘုန်းမောင်သက်ထားမေ -
(ယနေ့တိုင်မမေ့နိုင်
ချစ်တင်းအတူနှောချစ်မဏ္ဍိုင်ဆိုက်ပါလို့ချော့ကာမြူခဲ့သလေ -)၂
မေ့ကိုလေ မြင်နေကျမို့
တစ်နေ့မမြင်ရ-မောင်တစ်လ ထင်သလေ
နောင်ဘ၀ရောက်အောင်မခွဲတမ်းပေါင်း
ဖေါ်ပါရစေမေရေ
ရွှေမေတ္တာတွေ - ဖေချစ်ထာတွေ -သွေမပြစ်ပါသလေ -
မေသိပါစေ ငြိုငြင်ပါလို့မုန်းတော်မူနဲ့လေ)
မောင်သုည
ေ
No comments:
Post a Comment