၊
မဟာဂီတ၊ ကာလပေါ် တေးသီချင်းများစွာကို ခင်ပွန်းသည် စန္ဒယား
စစ်ကိုင်းလှရွှေနှင့် အတွဲညီညီ နှစ်ပေါင်းများစွာ သီဆိုခဲ့သူဖြစ်၏။
ယခုခေတ်ကဲ့သို့ ပညာရှင်ကြီးများ မကွယ်လွန်မှီ ပညာ
လွန်ခဲ့သည့်
နှစ်အနည်းငယ်ခန့်က ဒေါ်ဟင်္သာကြည်၏နှင့် တွေ့ဆုံမေးမြန်းရန်
၎င်းနေထိုင်သည့် တာမွေမြို့နယ် နတ်စင်လမ်းသို့ သွားရောက်ခဲ့ပါသည်။
အသံတိတ်ခေတ်၊ ဓာတ်ပြားခေတ်မှစ၍ လက်ရှိခေတ်ကာလအထိ မဟာဂီတ၊
ရုပ်ရှင်တေးသီချင်းနှင့် ခင်ပွန်းသည် စစ်ကိုင်းဦးလှရွှေတို့
မည်သို့မည်ပုံ လေ့လာတီးခတ်ခဲ့သည်ကို
မှတ်မိနေဆဲဖြစ်သည်။ အကြားအာရုံအနည်းငယ် ချွက်ယွင်း၍ အော်ပြောရသည်မှအပ
ကျန်းကျန်းမာမာဖြင့် ဂီတမိတ်အဖွဲ့ကို ရှင်းပြပြောပြခဲ့ပါသည်။
အသံတိတ်ရုပ်ရှင်ခေတ်တွင် အသုံးပြုခဲ့သော စည်းဝါးများ၊
ဆိုဟန်ဆိုပေါက်များကိုလည်း ရှင်းပြခဲ့၏
ခင်ပွန်းသည် စစ်ကိုင်းဦးလှရွှေ စုဆောင်းထားသည့် ရှေးပညာရှင်ကြီးများ၏
ပုံတူပန်းချီကားများ၊ ဓာတ်ပုံများနှင့် တိပ်ခွေများကို
အားကြိုးမာန်တက်ထုတ်ပြခဲ့သည်။ စာရေးဆရာပီပီ အစုအဆောင်းကောင်းလှသော
စစ်ကိုင်းဦးလှရွှေ၏ အိမ်ဂေဟာမှာ မြန်မာ့ဂီတပြတိုက်
အငယ်စားလေးသဖွယ်ဖြစ်နေပါသည်။ အမေရိကန် ပါမောက္ခဂါးဖီးရပ်စ်
အသံသွင်းယူသွားသော စစ်ကိုင်းလှရွှေ၏ လက်သံများကို ဖွင့်ပြသောအခါ
ဒီဗွီဒီစက်နားကပ်၍ အာရုံစိုက်နားထောင်နေသည့်ပုံကို
ယခုထိ သတိရနေပါသေးသည်။ ဒီဗွီဒီစက်မှ ထွက်နေသော အသံကိုနားထောင်ရင်
အတိပ်ကိုလွမ်းဆွတ်၍ သတိဝမ်းနည်းနေဟန်တူသည်။
ဆရာစစ်ကိုင်းလှရွှေရေးသားခဲ့သော ဆောင်းပါးများကို စုစည်းထုတ်ဝေချင်၍ ဆွေးနွေးခဲ့သော်လည်း အခြေအနေအမျိုးမျိုးကြောင့် မဖြစ်မြောက်ခဲ့ပေ။
ရုပ်ရှင်အသံတိပ်ဇာတ်ကားပေါင်းများစွာအတွက် နောက်ခံတေးသီချင်းများကို သီဆိုခဲ့သော်လည်း ရုပ်ရှင်အစည်းအရုံးမှ စီစဉ်သော သက်ကြီးပူဇော်ပွဲတွင်ထည့်သွင်းခြင်းမခံရ၍ ၀မ်းနည်းမိကြောင်းပြောပြ၏ ခေတ်အဆက်ဆက် မြန်မာ့ရိုးရာဂီတဇာတ်သဘင်အနုပညာတာဝန်ကို ကျေပွန်စွာ
ထမ်းဆောင်ခဲ့သည့် သက်ကြီးအနုပညာရှင်များ သက်ရွယ်အိုမင်းသောအခါ
ယခုကဲ့သို့ ကြုံတွေ့မြဲဖြစ်သည်ကို သိရှိပြီးဖြစ်သော်လည်း စိတ်တော့
မကောင်းပေ။ ခေတ်လူငယ်များကို ပညာပေးဝေ ဖြန့်ဖြူး၍ အပူဇော်ခံရမည့်
ပညာရှင်များတော်တော်များများသည် ဆင်းဆင်းရဲရဲ နှင့် လူသူမသိပဲ ဆုံးပါးသွားကြသည်သာများ၏။ အစဉ်အဆက်လက်ဆင့်ကမ်း စီးဆင်းနေသင့်သည့် ပညာရပ်များသည် ပေးသူနှင့်လက်ခံရယူသည်ကြား၏ အကြောင်းကြောင်းသော ကိစ္စရပ်များကြောင့် တစနှင့်တစ ပျောက်စဆုံးရှုံးနေကြပေသည်။
မြန်မာ့ဂီတရေရှည်တည်တံ့ ထွန်းကားရန်မှာ ရှေးအစဉ်အဆက်မှ ပညာရှင်ကြီးများ၏ သွန်သင်မှု၊ မူရင်း တေးသီချင်းသံစဉ်များကို
စနစ်တကျ စုဆောင်းမှု့၊ ခေတ်ကာလအလိုက် အရိုးပေါ်အရွက်မဖုံးသော
တီထွင်ဆန်းသစ်မှု့ များ၊ သက်ဆိုင်ရာ အစိုးရနှင့် ယနေ့ခေတ် ဂီတပညာရှင်၊
ဝါသနာရှင်တို့၏ တာဝန်သိ၍ မည်မျှအထိ ထိန်းသိမ်းစောင့်ရှောက်ထားနိုင်သနည်းဟူသည့် အချက်ပေါ်တွင် တည်မှီနေပေသည်။
မြန်မာ့ဂီတပညာရှင်များ၏
ဘ၀နေ၀င်ချိန်လှ၍ ပညာအမွေဖြန့်ဖြူး ချန်ရစ်နိုင်ပါစေဟု ဆန္ဒပြုရင်
အဆိုတော် ဒေါ်ဟင်္သာကြည့်၏ ကွယ်လွန်မှုကို ဂီတမိတ်အနေဖြင့်
အထူးဝမ်းနည်းနှမြောမိပါကြောင်း ပြောကြားလိုပါသည်။ တဆက်တည်း
ဆွတ်ပျံလွမ်းမောဖွယ်ရာကောင်းသော
ကရုဏာအသံနှင့်အတူ တီးကွက်စိပ်စိပ်ဖြင့် ပုံဖော်တီးခတ်ထားသော
စစ်ကိုင်းဦးလှရွှေ၊ ဒေါ်ဟင်္သာကြည်တို့ဇနီးမောင်နှံ၏ အနုပညာလက်ရာကို
အောက်ပါလင့်ခ်တွင် သွားရောက်နားဆင်နိုင်ပါသည်။
အဆိုတော် ဒေါ်ဟင်္သာကြည် ကောင်းရာမွန်ရာ ရောက်ပါစေ....
ဂီတမိတ်မြန်မာဂီတစုဆောင်းမှု့
နားဆင်ရန် Youtube Link
(၁) တောမြိုင်စွန်းက လွမ်းအောင်ဖန်ယိုးဒယား၊
ပုလဲသံစဉ်၊
ဆို ဒေါ်ဟင်္သာကြည်၊
တီး စန္ဒယား စစ်ကိုင်းလှရွှေ၊
Robert Garfias အသံသွင်းယူသည်။
https://www.youtube.com/watch?v=tVm42bWofG8
(၂) သောင်းရွေလယ် အီနောင်ဇာတ်ဖြည့် ယိုးဒယား
ဆို - ဒေါ်ဟင်္သာကြည်
တီး - စန္ဒယား စစ်ကိုင်းလှရွှေ
https://www.youtube.com/watch?v=vOQrFjY2IlI&feature=youtu.be
(၃) အချစ်ဒဏ်
ဆို - ကိုမြသောင်း နှင့် ဒေါ်ဟင်္သာကြည်
စန္ဒယား - စန္ဒယား စစ်ကိုင်းလှရွှေ
ခြောက်လုံးပတ် - ဦးပန်းခင်၊ဦးဘိုစိန်
စည်းဝါး - ဒေါ်ဟင်္သာကြည်
https://www.youtube.com/watch?v=abOmj7pF0Dg&feature=youtu.be
(၄) တောင်တောသာယာ ယိုးဒယား
ဆို - ပဲရော့ဘသန်းလေး နှင့် ဒေါ်ဟင်္သာကြည်
စန္ဒယား - စစ်ကိုင်းလှရွှေ
တယော - အပီတော် ဦးကြိုင်
https://www.youtube.com/watch?v=SQ-zOFkKINA
ဒေါ်ဟင်္သာကြည်ငယ်စဉ်ကဓာတ်ပုံ
ခင်ပွန်းသည် စစ်ကိုင်းလှရွှေနှင့်တွဲဖက်သီဆိုခဲ့သော သီချင်းကို ပြန်လည်နားဆင်နေသော ဒေါ်ဟင်္သာကြည်
စစ်ကိုင်းဦးလှရွှေ နှင့် ဒေါ်ဟင်္သာကြည်တို့၏ နေအိမ်
ဒေါ်ဟင်္သာကြည့် နှင့် စစ်ကိုင်းဦးလှရွှေတို့ ဇနီးမောင်နှံ၏ ပုံတူပန်းချီကား
ဒေါ်ဟင်္သာကြည်နှင့် ဂီတမိတ်အဖွဲ့
No comments:
Post a Comment