Monday, 11 July 2016

ကြွေလွင့်ရှာတဲ့ရော်ရွက်ဝါ )

( ကြွေလွင့်ရှာတဲ့ရော်ရွက်ဝါ )
အော် မနှစ်ကဆို
သည်လိုမိုး ဦး
ရာသီကူးမှာ
တိုးထွက်လာသည့်( ချစ်ဖူးလွှာ )
ရွက်နုစိမ်းစိမ်းမြရည်လိမ်းသည့်
ပင်ရွက်ပျိုလည်း
ရက်တွေလဲငြောင်း
ရာသီပြောင်းတော့
မအောင်းမေ့မေ့အောင့်မေ့မေ့နှင့်
ကြွေလွင့်လေပြီ- မိုး
ရော်ရွက်ဝါမို့ဓမ္မတာတည်း။
( နှစ်ကုန်လို့ချွေချခံလိုက်ရတဲ့ ရွက်ဝါအိုသို့)
မောင်သုည

ကျွန်တော်ပြန်လည်ခံစားနားဆင်ချင်သောတေးသီချင်းများ
( သည်နွေမိုးဆောင်းပြောင်းသော်လည်း- ကိုသန်းလှိုင် )
ရွက်ဝါကြွေလူး
နွေမူးမူးဝယ်
ပုရစ်ဖူးဝေ၍
ဖူးငုံစီမြ
ပွင့်သည့်လကို
မျှော်တလေသည့်ကိုယ့်အဖြစ်များ----
မခေါ်သာမျှော်ပါလေတိုင်း
စိတ်ရိုင်းတွေထင်လာသဲဝယ်
သူ့ကိုဘဲသတိရခြင်းက
ရင်မှာကဋေကဋာ
ပြန်လည်တသ - မေ့မရသည်သာကွယ်
မောင်သုည
<iframe width="560" height="315" src="//www.youtube.com/embed/_DQFnc5SmGE?list=PL6752D3838C736545" frameborder="0" allowfullscreen></iframe>

No comments:

Post a Comment