Wednesday, 27 July 2016

သုံးပန်လှ မင်းသမီး ( သို့ ) ရှင်စောဖြူ ထိပ်ထား

"ရဟန္တာကန်"

     သုံးပန်လှ မင်းသမီး ( သို့ ) ရှင်စောဖြူ ထိပ်ထားဆီ သို့ — at သီရိခေတ္တရာပြည်မြို့ 
ဒဏ္ဍာရီထဲကမင်းသမီး အမျက်တော်ရှမှာကို ယနေ့တိုင် ကြောက်ရွံ့နေကြတဲ့ မှော်ဇာမြေမှာ နေထိုင်ကြသူတွေ
လက်သည်းရေကန် ဘုန်းတော်ကြီးကျောင်းဝင်းထဲက ချောမောလှပတဲ့ မိန်းမပျိုတစ်ဦးရဲ့ နတ်ကွန်း။
နန်းဝတ်နန်းစားတွေနဲ့ ရွှန်းရွှန်းပပ ပြုံးနေတယ်။ ဘုန်းကြီးကျောင်းနဲ့ နတ်ကွန်း မအပ်စပ်လှပေမဲ့
ဒဏ္ဍာရီတွေအရ မိန်းမပျိုရဲ့ စိတ်ဝိညာဉ် ခိုအောင်းနေတဲ့ နေရာ။ သုံးပန်လှမင်းသမီးရဲ့ နတ်ကွန်းပဲ
ဖြစ်ပါတယ်။
ပုဂံမြို့ဟောင်းထက် အေဒီ ၂ ရာစုလောက် ရှေးပိုကျပြီး ရာဇ၀င်တွေ၊ ဒဏ္ဍာရီပုံပြင်တွေနဲ့ နေရာတိုင်းမှာ
ပြောစမှတ်ရှိနေတဲ့ ပြည်မြို့။ မြို့ဟောင်းလို့ ဒေသခံတွေ ခေါ်ဝေါ်သုံးနှုန်းကြတဲ့ ပျူခေတ်သမိုင်း
ယဉ်ကျေးမှုတွေနဲ့ သရေခေတ္တရာမြို့တော်ဟောင်း။ ( ပြည်မြို့ ကနေ ၁၅ မိနစ်လောက်ကားမောင်းသွားယုံနဲ့ရောက်နိုင်ပါတယ် )
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းထဲကို ၂၀၁၄ ခုနှစ်ကမှ ထည့်သွင်းခံရပေမဲ့ သမိုင်းဝင်အမှတ်တရ
တွေနဲ့အတူ ဘုန်းတန်ခိုးကြီးမားတဲ့ ရာဇ၀င်ထဲက ဒွတ္တဘောင်မင်း၊ ပန်ထွာဘုရင်မတို့ရဲ့
ဒဏ္ဍာရီပုံပြင်တွေ၊ ဒွတ္တဘောင်မင်းရဲ့အဘိုး နဂါးနိုင်ဘုရင် ပေါက်ကျိုင်းရဲ့ရာဇ၀င်က စလို့ မိခင်ဗေဒါရီရဲ့
လွမ်းမောဖွယ်ပုံပြင်၊ ဗိဿနိုးဘုရင်မရဲ့ ဩဇာကြီးမား ထက်မြက်မှုတွေ၊ ဒါတွေဟာ ဒီနေ့ဒီအချိန်ထိ
မြို့တော်ဟောင်းအတွင်း ရွာတွေမှာနေထိုင်ကြတဲ့ ကျေးလက်နေ ကလေးတိုင်းအတွက် အိပ်ရာဝင်
ပုံပြင်တွေအဖြစ် ကြားသိနေကြဆဲဖြစ်သလို ယုံကြည်ကိုးကွယ်ကြောက်ရွံ့ နေရဆဲ အယူစွဲတွေ
အဖြစ်လည်း ကျန်ရှိနေပါသေးတယ်။
ပျူခေတ်ရဲ့ ဒဏ္ဍာရီပုံပြင်တွေလို့ ဆိုလိုက်တာနဲ့ ဒွတ္တဘောင်ဘုရင်နဲ့ ဗိဿနိုးဘုရင်မတို့ရဲ့ ရာဇ၀င်က
ထင်ရှားလှပါတယ်။
ဒါပေမဲ့လည်း သရေခေတ္တရာ မြို့ဟောင်းအတွင်းမှာပဲ တည်ရှိတဲ့ မှော်ဇာရှေးဟောင်း နယ်မြေထဲက
သုံးပန်လှအလွမ်းမင်းသမီးရဲ့ အမျက်ဒေါသနဲ့ သုံးပန်လှရွာပျက်ကြီးအကြောင်းကတော့ ဒေသခံတွေ
အတွက် ယနေ့တိုင် ချောက်ချားမှုတွေ၊ ပူဇော်ပသမှုတွေနဲ့ ယုံကြည်စွဲလမ်းနေရဆဲ ဒဏ္ဍာရီတစ်ပုဒ်
ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။
မင်းသမီးရဲ့ အလှဟာ နေထွက်စမှာ ကျက်သရေအပြည့်နဲ့ ရွှေစင်ရွှေမှုန်သဏ္ဌာန်ရှိသလို နေ့လယ်ခင်း
ရှုစားပြန်ရင်လည်း အစွမ်းကုန် ပွင့်လန်းနေတဲ့ ပန်းလေးနဲ့ တူပြန်သတဲ့။
ညနေခင်းမှာလည်း သူရှိတဲ့ အနီးအပါးဟာ လင်းလက်နေသယောင်တောင်
ထင်ယောင်မှားရပြန်တယ်လို့ ဒဏ္ဍာရီတွေက ဆိုပါတယ်။
တစ်နေ့တာရဲ့ အချိန်သုံးချိန်မှာ ပုံစံသုံးမျိုးနဲ့ လှပလွန်းတာကြောင့် 'သုံးပန်လှ'လို့ အမည်တွင်ပါတယ်။
မင်းသမီးဟာ တောင်ညိုမင်းရဲ့နှမတော်စပ်ပြီး တောင်ညိုဘုရင်ရဲ့ နယ်မြေက အခုနယ်မြေသတ်မှတ်ပုံ
အရတော့ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် တကြောလို့ မှတ်သားရပါတယ်။
နှစ်ပြည်ထောင်ချစ်ကြည်ရေးအတွက် တောင်ညိုဘုရင်က ဒွတ္တဘောင်မင်းဆီ သုံးပန်လှမင်းသမီးကို
ဆက်သပါတယ်။
ဒွတ္တဘောင်မင်းကို တိတ်တခိုး မြတ်နိုးရင်းစွဲရှိနေတဲ့ သုံးပန်လှမင်းသမီးက သရေခေတ္တရာကို
သတို့သမီးတစ်ဦးရဲ့ အဆောင်အယောင်တွေနဲ့ ကြွလှမ်းလာခဲ့ပေမဲ့ ဒွတ္တဘောင်ဘုရင်ရဲ့ မိဖုရားတွေက
မင်းသမီးကိုခေါ်ဆောင်လာတဲ့ လမ်းတစ်လျှောက်မှာ ဘုရင်ထံသတင်းပို့ရတဲ့ ဘုရင့်လူယုံတော်တွေဆီ
ချဉ်းကပ်ပြီး မင်းသမီးရဲ့အကြောင်းကို မကောင်းသတင်းတွေသာ တင်လျှောက်စေခဲ့ပါတယ်။
ဘီလူး၊ သရဲသဖွယ် ပုံသဏ္ဌာန်အမှန်ရှိပြီး မကောင်းတဲ့ အတတ်တွေနဲ့ တင့်တယ်အောင်သာ
ဖန်ဆင်းထားတာဖြစ်ကြောင်း၊ ရုပ်သဏ္ဌာန်အမှန်ကတော့ တစ်နေ့သုံးကြိမ် ထိန်းမရအောင်
ပေါ်လာကြောင်း၊ အင်မတန်ကြောက်မက်ဖွယ်ကောင်းကြောင်း တန်စိုးလက်ဆောင်စားထားတဲ့
မင်းမှုထမ်းတွေက ဘုရင်ထံကို မမှန်မကန် လျှောက်တင်ကြပါတယ်။
ယုံကြည်သွားတဲ့ ဘုရင်က မင်းသမီးကို နန်းတော်ထဲ ၀င်ခွင့်မပြုတော့ဘဲ တံခါးဝကနေ
မောင်းထုတ်ခဲ့တဲ့အတွက် မင်းသမီးဟာ အရှက်ကြီးရှက်ခဲ့ရပါတယ်။
အပြန်လမ်းမှာ သူကိုယ်သူတကယ်ပဲ အလှပျက်နေသလားဆိုပြီး မသင်္ကာစိတ်နဲ့ မြေကြီးကို
လက်နဲ့ ယက်ကာ ရေထွက်အောင်ပြုလုပ်ပြီး သူ့ရုပ်သွင်ကို ပြန်ကြည့်ပါတယ်။
မင်းသမီးရဲ့ လက်သည်းနဲ့ တူးရာနေရာက ရေကန်ကြီးဖြစ်ပေါ်သွားပြီး ဒီနေ့တိုင် လက်သည်းရေကန်လို့
ခေါ်ဝေါ် နေဆဲပဲ ဖြစ်ပါတယ်။
တချို့ပြောစကားတွေမှာတော့ ဒွတ္တဘောင်မင်းက အဖြစ်မှန်ကို သိရှိသွားလို့ မင်းသမီးအနောက်ကို
လိုက်ရာမှာ ကျန်ခဲ့တဲ့ အမှတ်အသားတွေကိုတွေ့ရှိပြီး မင်းသမီးပြန်မြင်တွေ့ရင် စိတ်ပျော်ရွှင်အောင်
သူ့ရဲ့နောက်လိုက် နောက်ပါတွေကို ချက်ချင်းရေကန်တူး၊ ကြာတွေ ဖြည့်စိုက်ခိုင်းလို့
ကန်ဖြစ်ပေါ်လာတာလို့လည်း ဆိုကြပါတယ်။
သုံးပန်လှမင်းသမီးကတော့ ဒွတ္တဘောင်မင်းကြီးအပေါ် နာကျည်း စိတ်တွေ၊ ၀မ်းနည်းစိတ်၊
ရှက်စိတ်တွေနဲ့အတူ သူခရီးတစ်ထောက်နားရာ တောတွင်းတစ်နေရာမှာပဲ ဘုရင်နဲ့ မတွေ့ခင်
သေဆုံးသွားပါတယ်။
ဒွတ္တဘောင်မင်း ရောက်လာချိန်မှာတော့ သေဆုံးနေတဲ့ မင်းသမီးရဲ့ ရုပ်အလောင်းကို
ဂူဗိမာန်တည်ဆောက်ပေးပြီး မင်းသမီးရဲ့ အခြွေအရံတွေကို အဲသည်ဂူဗိမာန်အနီးအနားမှာ
ကျေးရွာတည်လို့ နေထိုင်စောင့်ရှောက်စေပါတယ်။
အဲဒီရာဇ၀င်နဲ့အတူ မင်းသမီးရုပ်အလောင်း မြှုပ်နှံထားတဲ့ရွာက ကိုယ်ကြီးမြှုပ်ရွာဆိုပြီး
မှော်ဇာရှေးဟောင်းနယ် မြေထဲမှာ ယနေ့တိုင် ရှိနေပါသေးတယ်။
မှော်ဇာ ဇာတိဖြစ်တဲ့ လက်သည်းရေကန်ကျောင်းတိုက်ဆရာတော် ဦးသီလာစာရက "နတ်တွေ၊ သရဲ၊
တစ္ဆေတွေအကြောင်းကတော့ ဘုန်းကြီးနဲ့ မအပ်စပ်တဲ့အရာပေါ့။ ဒါပေမဲ့ ဘုရားအဟောမှာတော့
မြင်အပ်၊ မမြင်အပ် လောကသားတွေကတော့ ပါတာပဲ။ လူ့ကိစ္စယုံကြည်ကိုးကွယ်မှုတွေ
ဘုန်းကြီးအနေနဲ့ မစွက်လိုဘူး။ ငယ်ငယ်က အိပ်ရာဝင်ပုံပြင်အရ ဘုန်းကြီးတို့ မရိုးအောင်
ကြားခဲ့ရတယ်။ အဲဒီနယ်တကြော၊ အထူးသဖြင့် ကိုယ်ကြီးမြှုပ်ရွာက လူတွေဆို သုံးပန်လှ
မင်းသမီးအကြောင်း လက်လွတ်စပယ် မပြောရဲဘူး။ ဂူဟောင်းနေရာ အခု အုတ်ပုံကြီးပါပဲ။
မရိုမသေ မပြုရဲဘူး၊ အမှားမခံရဲဘူး၊ မင်းသမီးကို အမှားပြုရင် နူတယ်ဆိုပြီး အစွဲရှိကြတယ်။
ဘုန်းကြီးတို့ ငယ်ငယ်လောက်က အဲသည်တကြော ကိုယ်ရေပြားရောဂါတွေ ရကြတာရှိတယ်။
ဒါကို မင်းသမီးအပြစ်ပြုမိလို့ ဖြစ်ရတယ်လို့ ရွာသားတွေက အယူစွဲကြတယ်"လို့ မိန့်ပါတယ်။
ဆရာတော်ရဲ့ကျောင်းတိုက်ဝင်းထဲမှာ လက်သည်းရေကန်က တည်ရှိနေတာမို့ ကျောင်းတိုက်ကို
လက်သည်းရေကန်ကျောင်းတိုက်လို့ ခေါ်ဆိုတာဖြစ်ပါတယ်။
ရေကန်အနီးမှာ ယုံကြည်မှုနဲ့ လူတွေတည်ဆောက်ထားတဲ့ ရှေးဟောင်းသိမ်နဲ့ သုံးပန်လှမင်းသမီး
နတ်ကွန်းလည်း ရှိပါတယ်။
သုံးပန်လှရွာ ဖြစ်ပေါ်လာရတာကတော့ သေဆုံးပြီး နတ်စိမ်းဖြစ်သွားတဲ့ မင်းသမီးက
ဒွတ္တဘောင်မင်းထံကို နေထိုင်စရာ နေရာတောင်းရာက ဘုရင်က ရွာဖြစ်လာမယ့်နေရာကို
နေရာအပိုင်စား ပေးလိုက်တာဖြစ်ပါတယ်။
မင်းသမီးက သူ့ကို ပူဇော်သူတွေကို စိုက်ပျိုးသီးနှံတွေ အထွက်ကောင်းအောင်၊ အနာရောဂါကင်းအောင်
စောင့်ရှောက်တယ်လို့ လူတွေက ယုံကြည်ကြပါတယ်။
သူနဲ့ ဒွတ္တဘောင် မင်းနဲ့ ကွဲခဲ့ရတာ ကုန်းချော စကားတွေကြောင့်လို့ ယုံကြည်တဲ့အတွက်
အဲဒီလိုပြောဆိုတာတွေကို မင်းသမီးဟာ အင်မတန် မုန်းတီးတယ်လို့လည်း ဆိုကြပါတယ်။
ရွာအတွင်းက ကြေးရတတ်အမျိုးသမီးတစ်ဦး သူ့ယောက်ျား သူဌေးကြီးက နောက်ထပ်ထူထောင်မယ့်
အမျိုးသမီးကို ကုန်းချောချောက်တွန်း သတ်ဖြတ်ရာကနေ တစ်ရွာလုံး နေထိုင်မရအောင် ခန်းခြောက်
ပျက်စီးလာပြီး လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာကျော်ကမှ ရွာကိုရွှေ့ပြောင်းသွားကြတယ်လို့ လက်သည်း
ရေကန်ကျောင်းတိုက်က ကျောင်းထိုင်အဆက်ဆက်ကို မျိုးရိုး စဉ်ဆက်ကိုးကွယ်လာတဲ့
အဘိုးဦးဝင်းရွှေက ပြောပြပါတယ်။
သုံးပန်လှရွာဟောင်းက လက်ရှိမှာတော့ ကုန်းမို့မို့တောအုပ်ကလေးအဖြစ် လက်သည်းရေကန်
ကျောင်းတိုက်နဲ့ တစ်မိုင်လောက်အကွာမှာ တည်ရှိပါတယ်။
နတ်ကွန်းနဲ့အတူ ပြိုပျက်နေတဲ့ စေတီတွေ၊ တချို့အိမ်ကုန်းအဟောင်းတွေကိုလည်း တွေ့နိုင်ပါတယ်။
နှစ်စဉ်နှစ်တိုင်း ၀ါဆိုလရောက်တဲ့အခါ သရေခေတ္တရာ မြို့ဟောင်းအတွင်းက မှော်ဇာကျေးရွာအုပ်စုနဲ့
မုဌောကျေးရွာ အုပ်စုက ရွာသူတွေစုပြီး ရွာစဉ်အလိုက် သုံးပန်လှမင်းသမီးအတွက် ပူဇော်ပွဲပြုလုပ်ဖို့
အလှူငွေ လိုက်လံကောက်ခံလေ့ ရှိပါတယ်။
ပူဇော်မယ့်နေ့ရက်ကို အတိအကျ သတ်မှတ်ထားတာမျိုးမရှိပေမဲ့ လပြည့်နေ့မတိုင်ခင်တော့
ပူဇော်ပွဲလုပ်လေ့ရှိကြောင်း မုဌောရွာသူ ဒေါ်လှကြိုင်က ရှင်းပြပါတယ်။
မင်းသမီးအတွက် ပုဝါသုံးမျိုး၊ အုန်းသီး၊ ငှက်ပျောသီး၊ မုန့်မျိုးစုံတို့နဲ့ ပူဇော်ကြပါတယ်။
နတ်ကိုးကွယ်ယုံကြည်မှုဓလေ့ ထွန်းကားနေဆဲ ရှေးဟောင်းဒေသမှာ ရိုးရာနတ်အယူအစွဲတွေလည်း
ရှိပြီး ရိုးရာနတ်တင်တိုင်းလည်း သုံးပန်လှမင်းသမီးအတွက် သခင်မပွဲဆိုပြီး ထည့်တင်လေ့ရှိပါတယ်။
"ပွဲမတင်မိတာတော့ ကျွန်မတစ်သက် မရှိသေးဘူး။ အမေတို့ခေတ်တုန်းကလည်း တင်ခဲ့တာပဲ။
အဲဒီတုန်းကဆို ပိုလို့တောင် ပူဇော်တဲ့အမည်တွေစုံပြီး စည်ကားသေးတယ်။ အခုကတော့
အုန်းပွဲတွေ ရွက်ပြီး ရွာသူတွေစုပြီး သွားဆုတောင်းလိုက်တာပဲ ရှိတော့တယ်။ မပူဇော်ရင် မိုးမမှန်တာ၊
ရာသီဥတု ဖောက်ပြန်တာတွေ ဖြစ်တယ်တော့ ကြားဖူးတယ်။ လယ်ယာခွင်တိုင်းမှာ စောင့်ရှောက်တဲ့
ယုံကြည်မှုတွေတော့ ဒေသအလိုက် အစွဲရှိကြတာပဲ"လို့ အသက် ၆၀ ကျော်ပြီဖြစ်တဲ့
အဘွားဒေါ်လှကြိုင်က ပြောပြပါတယ်။
လက်သည်းရေကန်ကျောင်းတိုက်ထဲက သုံးပန်လှမင်းသမီးရုပ်တုကို ထုလုပ်သူက ရန်ကုန်မြို့မှာ
နေထိုင်တဲ့ ပန်းတဉ်းပညာသည်တစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်က သူ့ရဲ့ အိပ်မက်အရ
လာရောက်ထုလုပ်ပူဇော်ဖို့ ဆရာတော်ထံ အပူကပ်တောင်းပန်လွန်းတာကြောင့် ယုံကြည်မှုတွေကို
မစွက်ဖက်လိုဘဲ ခွင့်ပြုပေးလိုက်တာလို့ ဆရာတော် ဦးသီလာစာရက မိန့်ပါတယ်။


မနောဒွါရ နှင့် ဓမ္မာရုံတရားတော် - ဒေါက်တာ ဦးစိုးလွင် (မန္တလေး) ;

ဥပါဒါန်အကြောင်း တရားတော် - ဒေါက်တာ ဦးစိုးလွင် (မန္တလေး)

"အရှုခံအာရုံ" တရားတော် - ဒေါက်တာ ဦးစိုးလွင် (မန္တလေး)

Tuesday, 26 July 2016

ကိုရဲဝင်းတေးသီချင်းများ (၁၄) ပုဒ်

ကိုရဲဝင်းတေးသီချင်းများ (၁၄) ပုဒ်
https://my.pcloud.com/publink/show…
၁။ ကြာကြာခွဲလို့မနေနဲ့ကွယ်
https://my.pcloud.com/publink/show…
၂။ လပြည့်ညလေးခဏပေးပါ
https://my.pcloud.com/publink/show…
၃။ ငယ်ကချစ်ဦးမမေ့ဘူး
https://my.pcloud.com/publink/show…
၎။ အဝေးမှချစ်သူသို့
https://my.pcloud.com/publink/show…
၅။ ချစ်သူသည်သာ
https://my.pcloud.com/publink/show…
၆။ ကြိုနှင့်တော့ရွှေညာသူ(တက္ကသိုလ်မောင်တင့်နွယ်)
https://my.pcloud.com/publink/show…
၇။ အချစ်ကြော်ငြာမောင်းလေးခတ်လိုက်ပြီ
https://my.pcloud.com/publink/show…
၈။ ချစ်သောအညာမြေ
https://my.pcloud.com/publink/show…
၉။ လကွယ်ညလေးဘ၀တိုင်းဝေးပါစေ
https://my.pcloud.com/publink/show…
၁၀။ လွမ်းသောင်ယံဦး(တက္ကသိုလ်မောင်တင့်နွယ်)
https://my.pcloud.com/publink/show…
၁၁။ လေထဲဆောက်တဲ့အိမ်ကလေး
https://my.pcloud.com/publink/show…
၁၂။ ချစ်တတ်လွန်းတော့သ၀န်ကြောင်တယ်
https://my.pcloud.com/publink/show…
၁၃။ စမ်းချောင်းလေးဘ၀ခဏဖြစ်ချင်တယ်
https://my.pcloud.com/publink/show…
၁၄။ တောင်ပေါ်ကဖိတ်စာလေးတစ်စောင်
https://my.pcloud.com/publink/show…


Monday, 25 July 2016

ကင်ဆာဆဲလ်တွေကိုတောင် သေစေနိုင်တဲ့ အံသြဖွယ် အစွမ်းနဲ့ ဖျော်ရည်

ကင်ဆာဆဲလ်တွေကိုတောင် သေစေနိုင်တဲ့ အံသြဖွယ် အစွမ်းနဲ့ ဖျော်ရည်

http://myfood.com.mm/tips-stories/health/%E1%80%80%E1%80%84%E1%80%B9%E1%80%86%E1%80%AC%E1%80%86%E1%80%B2%E1%80%9C%E1%80%B9%E1%80%B1%E1%80%90%E1%80%BC%E1%80%80%E1%80%AD%E1%80%AF%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9-%E1%80%B1%E1%80%9E/
အာလူး + မုန်လာဥနီ + ပန်းသီး ဖျော်ရည်
ရှေးကတည်းက အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့တဲ့ အစွမ်းထက် ဖျော်ရည် တစ်မျိုး ဖြစ်ပါတယ် ။   Welcome To Peace ကတော့ ယုံကြည်စွာ လုပ်ဆောင် သောက်သုံးပါပြီ ။  ကြည့်ရှုသူ မိတ်ဆွေများလည်း လိုက်သောက်စေချင်ပါတယ် ။   တကယ်   သောက်လို့  “ကောင်းမှကောင်း” စိတ်ချလိုက်ပါ ။  ခန္ဓာကိုယ်ကိုဘေးမဖြစ်စေပါဘူး ။  ကောင်းကျိုးသာ ရစေတဲ့ အစွမ်းထက် (အာလူး + မုန်လာဥနီ + ပန်းသီး) ဖျော်ရည် ဖြစ်ပါတယ် ။
ဒီဖျော်ရည်ကို အာလူး၊ မုန်လာဥနီ၊ ပန်းသီးတို့ကို မိမိတို့ လိုအပ်သလောက် အချိုးအစား တူညီပေါင်းစပ်ပြီး ဖော်စပ်လို့လည်း ရပါတယ် ။  လိုအပ်သလောက် ဖော်စပ်ပြီး အဆင်သင့် သောက်သုံးနိုင်အောင် မိမိတို့လိုသလောက် ချိန်ဆအသုံးပြုလုပ်ဆောင်ပြီး ရေခဲသေတ္တာမှာ ထား၍ လိုအပ်တဲ့ အချိန်တွေမှာ အရသာ ရှိစွာ ခံစား သောက်သုံးနိုင်ကြပါစေ ။   သစ်သီးအားလုံးကို ဆေးကြောသန့်စင်ပါ ။  အခွံခွာပါ ။   ပြီးရင် ဖျော်စက် ထဲထည့် ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက်သုံးနိုင်ပါပြီ ။   သံပုရာသီး ၊ ရှောက်သီး ၊ သံပရိုသီး တို့ကိုလည်း ကြိုက်ရင် ထည့်သောက်နိုင်ပါတယ် ။
ဒီဖျော်ရည်ရဲ့ အစွမ်းထက် ပုံတွေကတော့
  1. ကင်ဆာဆဲလ်တွေ ကြီးထွား ပြန့်ပွားခြင်းကို တားဆီးပေးပါတယ် ။
  2. အသည်း ကြီးထွားခြင်း ၊ ကျောက်ကပ် ကြီးထွားခြင်း ၊ ကပ်ပါယ်အိတ် ကြီးထွားခြင်းကိုလည်း တားဆီးပေးပါတယ် ။ ပြည်တည်နာ ဖြစ်ခြင်းကိုလည်း ကုစားနိုင်ပါတယ် ။
  3. အဆုတ်ကို အားတိုးစေပြီး၊ နှလုံးရောဂါ ၊ သွေးတိုးရောဂါ တို့ကိုလည်း ကာကွယ်ပေးပါတယ် ။
  4. ခုခံအား စနစ်ကိုလည်း အားကောင်းစေ ပါတယ် ။
  5. မျက်စိအာရုံကို ပိုကောင်းစေသလို ၊ မျက်လုံးနီခြင်း ၊ မျက်စိ ညောင်းခြင်း တို့ကိုလည်း သက်သာစေပါတယ် ။
  6. ကြွက်သားနားခြင်း ၊ ကြွက်သား ဒဏ်ဖြစ်ခြင်း ကိုလည်း ပျောက်ကင်းစေပါတယ် ။
  7. အသားအရေကို လှပစေပြီး ရွှန်းလဲ့ တောက်ပ စေပါတယ် ။  ပိုမိုနုပျိုစေပါတယ် ။
  8. အစာကို ကြေညက်စေနိုင်ပြီး အစာခြေ စနစ်ကို ပိုမို ကောင်းမွန်စေပါတယ် ။
  9. အမျိုးသမီးများ မီယပ် သွေးပေါ်ချိန်တွင် ဖြစ်တတ်သော နာကျင်ခြင်း ကိုလည်း လျော့နည်း သက်သာစေပါတယ် ။
  10. ဖျားနာခြင်းကိုလည်း သက်သာ ပျောက်ကင်းစေ ပါတယ် ။
  11. ဥာဏ်ရည်ကို တိုးတက်စေပြီး ဦးနှောက်ကို ပိုမို ကောင်းမွန်စေပါတယ် ။
  12. ကိုယ်အလေးချိန် လျှော့ချနေသူများ အနေနှင့်လည်း သောက်သုံးနိုင်ပါတယ် ။  ဒီဖျော်ရည်ဟာ အားအင်ကို တိုးစေသလို
    ကယ်လိုရီ ပါဝင်မှုကလည်း အနည်းဆုံးသော ဖျော်ရည်ဖြစ်ပါတယ် ။
  13. ကိုယ်ခန္ဓာအတွင်းက ကလီစာများ ပြန်လည် တည်ဆောက်ခြင်းကို အထောက်အပံ့ ပေးပါတယ် ။ ရောဂါ တော်တော်များကို သက်သာအောင် အထူး အစွမ်းထက်သော ဖျော်ရည် ဖြစ်ပါတယ် ။
သောက်သုံးနည်းကတော့ ဖျော်ပြီးသား ဖျော်ရည်အား မနက်စာ မစားခင် ၁ နာရီ အလို ဗိုက်ထဲတွင် အစာမရှိ ချိန်မှာ သောက်သုံးရပါမယ် ။   ပိုပြီး အာနိသင် သက်ရောက်ချင်သူများ အနေနဲ့ တစ်နေ့ ၂ ကြိမ် ၊ မနက် ၁ ကြိမ် နှင့် ညနေ ၅ နာရီတွင် ၁ ကြိမ် သောက်သုံးနိုင်ပါတယ် ။  ၂ ပါတ် အတွင်း ခုခံအား စနစ် ထူးခြား သိသာ ပြောင်းလဲ လာပါလိမ့်မယ် ။ ပာုတ်ပါတယ် ။ သောက်လိုက်ကြပါစို့ ။
Welcome To Peace နှင့်အတူ စိတ်ဆန္ဒတူညီ ၀ီရိယစိုက် အားထုတ် အတူသောက်လိုက်ကြပါစို့ ။
ကြည့်ရှု ဖတ်ရှုသူ အားလုံး ကိုယ်စိတ်နှလုံး ကျန်းမာ ချမ်းသာ ကြပါစေ ။
Credit: Welcome To Peace

အမျိုးသားများအတွက် အိမ်တွင်းဖြစ် ကျားခွန်အားဖြည့် သဘာဝအားဆေး

အမျိုးသားခွန်အားအတွက် အားတိုးဆေးအမျိုးမျိုးကို ၀ယ်သောက်ရတာ
ငွေကုန်နေလို့ စိတ်ညစ်နေသလား။ ဘာမှမပူနဲ့ ကိုယ်တိုင်လုပ် အိမ်တွင်းကုထုံးနည်းတွေ အများကြီးရှိတယ်။ တစ်ခါတည်း အများကြီးပြောပြလိုက်ရင် ရောသွားပြီး မမှတ်မိမှာစိုးလို့ တစ်မျိုးစီကိုပဲ
ပြောပေးမယ်။
(၁) ငှက်ပျောသီး ၂ လုံး (ဖီးကြမ်းပိုကောင်း)
(၂) ကြက်ဥ ၁ လုံး (သဘာဝကြက်ဥပိုကောင်း)
(၃) ပျားရည် (မွေးပျားမဟုတ်၊ သဘာဝပျား)
(၄) သကြား (ဆေးမဆိုးထားသော သကြားညို)

ဖျော်နည်း

ဖီးကြမ်းတစ်ဖီးရဲ့ ဘေးအစွန်ဆုံးအလုံး (၃ ထောင့်သီး)ကို ရွေးယူပါ။ တစ်ဖီးလုံးမှာ အဲဒီအလုံးက အကောင်းဆုံးပဲ။
ငှက်ပျောသီးကို အခွံခွါပြီး မတ်ခွက်၊ ဖန်ခွက်ထဲထည့်၊ ကြက်ဥဖောက်ထည့်၊ ပျားရည်ကို ထမင်းစားဇွန်းတစ်ဇွန်းထည့်၊ သကြားကို တစ်ဇွန်းထည့်၊ သမနေအောင် ရောမွှေလိုက်ပြီး စားပါ။
တာရှည်ခံစေတဲ့ ဓါတုပစ္စည်းလုံးဝမပါပဲ ကိုယ်တိုင်လုပ် သဘာဝစစ်စစ်အားတိုးဆေးမို့ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။

ဒီ ၄ မျိုးစလုံးဟာ ကျားခွန်အားကို တိုးပွါးစေပြီး အားအင်ပြည့်ဝစေတာမို့
နေ့တိုင်းတော့ မစားနဲ့။ တစ်ပတ်ကို ၃ ကြိမ်လောက်ပဲ စားပါ။ ခွန်အားတွေ တိုးပြီး စိတ်ကျေနပ်အပြည့်အ၀ ရလာစေမည်။
အသက် ၄၀ ကျော်များအတွက်တော့ သဘာဝအစားအသောက်နဲ့တင် မလုံလောက်ပြန်ဘူး။ ဆေးအကူလိုပြီ။ နယ်စပ်က၀င်တဲ့ ဈေးပေါပေါနဲ့ ဆေးအတုတွေတော့ သွားမသောက်လိုက်နဲ့ပေါ့။ မျိုးကန်းသွားမယ်။ ကုမ္ပဏီအခိုင်အမာနဲ့ အာမခံချက်ရှိတဲ့ Contra (ကွန်ထရာ-ကျားအားတိုးဆေး) ကို ၃ ရက် ၁ လုံး ရေအေးလေးနဲ့သောက်။ ပန်းသေပန်းညှိုးနေတာတောင် ပြန်ပျောက်ပြီး ဖလန်းဖလန်းထသွားမယ်။
ကျားတို့ရေ...
အရမ်းလွယ်ကူပြီး အကုန်အကျလည်းနည်း၊ ဘေးထွက်ဆိုးကျိုးလည်း မရှိ၊ ခွန်အားကိုလည်း တကယ်ပြည့်ဝစေတဲ့ နည်းလမ်းကောင်းကိုတော့ ညွန်ပေးလိုက်ပြီ။

ရုပ်ရှင်ကြည့်ရန်

Myint Swe Mg Thonnya shared a memory.
28 mins ·
The Best Myanmar Entertainment Website Online.
burmeseclassic.com

Sunday, 24 July 2016

ဒေါ်ဟင်္သာကြည်



ဆရာ စစ်ကိုင်းလှရွှေ၏ ဇနီး အဆိုတော် ဒေါ်ဟင်္သာကြည်(ခ) ဟင်္သာစိန်အောင်ကြည်သည် ဇူလိုင်လ ၆ ရက် ၂၀၁၄ (တနင်္ဂနွေနေ့) နေ့လည်တွင် ကွယ်လွန်ကြောင်း ကြားသိရပါသည်။ ရုပ်ရှင်အသံတိတ်တေးသီချင်းများ၊ မဟာဂီတ၊ ကာလပေါ် တေးသီချင်းများစွာကို ခင်ပွန်းသည် စန္ဒယား စစ်ကိုင်းလှရွှေနှင့် အတွဲညီညီ နှစ်ပေါင်းများစွာ သီဆိုခဲ့သူဖြစ်၏။  ယခုခေတ်ကဲ့သို့ ပညာရှင်ကြီးများ မကွယ်လွန်မှီ ပညာယူ မှတ်တမ်းတင်နိုင်မှု့ နည်းပါးသည် အခြေအနေမျိုးတွင် အဆိုတော်ဒေါ်ဟင်္သာကြည့်၏ ကွယ်လွန်မှု့ မှာ မြန်မာ့ဂီတလောကအတွက် နစ်နာဆုံးရှုံးမှု့တရပ်ဖြစ်ပါသည်။ 

လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ဒေါ်ဟင်္သာကြည်၏နှင့် တွေ့ဆုံမေးမြန်းရန် ၄င်းနေထိုင်သည့် တာမွေမြို့နယ် နတ်စင်လမ်းသို့ သွားရောက်ခဲ့ပါသည်။ အသံတိတ်ခေတ်၊ ဓာတ်ပြားခေတ်မှစ၍ လက်ရှိခေတ်ကာလအထိ မဟာဂီတ၊ ရုပ်ရှင်တေးသီချင်းနှင့် ခင်ပွန်းသည် စစ်ကိုင်းဦးလှရွှေတို့ မည်သို့မည်ပုံ လေ့လာတီးခတ်ခဲ့သည်ကို မှတ်မိနေဆဲဖြစ်သည်။ အကြားအာရုံအနည်းငယ် ချွက်ယွင်း၍ အော်ပြောရသည်မှအပ ကျန်းကျန်းမာမာဖြင့် ဂီတမိတ်အဖွဲ့ကို ရှင်းပြပြောပြခဲ့ပါသည်။ အသံတိတ်ရုပ်ရှင်ခေတ်တွင် အသုံးပြုခဲ့သော စည်းဝါးများ၊ ဆိုဟန်ဆိုပေါက်များကိုလည်း ရှင်းပြခဲ့၏

ခင်ပွန်းသည် စစ်ကိုင်းဦးလှရွှေ စုဆောင်းထားသည့် ရှေးပညာရှင်ကြီးများ၏ ပုံတူပန်းချီကားများ၊ ဓာတ်ပုံများနှင့် တိပ်ခွေများကို အားကြိုးမာန်တက်ထုတ်ပြခဲ့သည်။ စာရေးဆရာပီပီ အစုအဆောင်းကောင်းလှသော စစ်ကိုင်းဦးလှရွှေ၏ အိမ်ဂေဟာမှာ မြန်မာ့ဂီတပြတိုက် အငယ်စားလေးသဖွယ်ဖြစ်နေပါသည်။ အမေရိကန် ပါမောက္ခဂါးဖီးရပ်စ် အသံသွင်းယူသွားသော စစ်ကိုင်းလှရွှေ၏ လက်သံများကို ဖွင့်ပြသောအခါ ဒီဗွီဒီစက်နားကပ်၍ အာရုံစိုက်နားထောင်နေသည့်ပုံကို ယခုထိ သတိရနေပါသေးသည်။ ဒီဗွီဒီစက်မှ ထွက်နေသော အသံကိုနားထောင်ရင် အတိပ်ကိုလွမ်းဆွတ်၍ သတိဝမ်းနည်းနေဟန်တူသည်။ ဆရာစစ်ကိုင်းလှရွှေရေးသားခဲ့သော ဆောင်းပါးများကို စုစည်းထုတ်ဝေချင်၍ ဆွေးနွေးခဲ့သော်လည်း အခြေအနေအမျိုးမျိုးကြောင့် မဖြစ်မြောက်ခဲ့ပေ။

ရုပ်ရှင်အသံတိပ်ဇာတ်ကားပေါင်းများစွာအတွက် နောက်ခံတေးသီချင်းများကို သီဆိုခဲ့သော်လည်း ရုပ်ရှင်အစည်းအရုံးမှ စီစဉ်သော သက်ကြီးပူဇော်ပွဲတွင်ထည့်သွင်းခြင်းမခံရ၍ ၀မ်းနည်းမိကြောင်းပြောပြ၏ ခေတ်အဆက်ဆက် မြန်မာ့ရိုးရာဂီတဇာတ်သဘင်အနုပညာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် သက်ကြီးအနုပညာရှင်များ သက်ရွယ်အိုမင်းသောအခါ ယခုကဲ့သို့ ကြုံတွေ့မြဲဖြစ်သည်ကို သိရှိပြီးဖြစ်သော်လည်း စိတ်တော့ မကောင်းပေ။ ခေတ်လူငယ်များကို ပညာပေးဝေ ဖြန့်ဖြူး၍ အပူဇော်ခံရမည့် ပညာရှင်များတော်တော်များများသည် ဆင်းဆင်းရဲရဲ နှင့် လူသူမသိပဲ ဆုံးပါးသွားကြသည်သာများ၏။ အစဉ်အဆက်လက်ဆင့်ကမ်း စီးဆင်းနေသင့်သည့် ပညာရပ်များသည် ပေးသူနှင့်လက်ခံရယူသည်ကြား၏ အကြောင်းကြောင်းသော ကိစ္စရပ်များကြောင့် တစနှင့်တစ ပျောက်စဆုံးရှုံးနေကြပေသည်။

မြန်မာ့ဂီတရေရှည်တည်တံ့ ထွန်းကားရန်မှာ ရှေးအစဉ်အဆက်မှ ပညာရှင်ကြီးများ၏ သွန်သင်မှု၊ မူရင်း တေးသီချင်းသံစဉ်များကို စနစ်တကျ စုဆောင်းမှု့၊ ခေတ်ကာလအလိုက် အရိုးပေါ်အရွက်မဖုံးသော တီထွင်ဆန်းသစ်မှု့ များ၊ သက်ဆိုင်ရာ အစိုးရနှင့် ယနေ့ခေတ် ဂီတပညာရှင်၊ ၀ါသနာရှင်တို့၏ တာဝန်သိ၍ မည်မျှအထိ ထိန်းသိမ်းစောင့်ရှောက်ထားနိုင်သနည်းဟူသည့် အချက်ပေါ်တွင် တည်မှီနေပေသည်။

မြန်မာ့ဂီတပညာရှင်များ၏ ဘ၀နေ၀င်ချိန်လှ၍ ပညာအမွေဖြန့်ဖြူး ချန်ရစ်နိုင်ပါစေဟု ဆန္ဒပြုရင် အဆိုတော် ဒေါ်ဟင်္သာကြည့်၏ ကွယ်လွန်မှုကို ဂီတမိတ်အနေဖြင့် အထူးဝမ်းနည်းနှမြောမိပါကြောင်း ပြောကြားလိုပါသည်။ တဆက်တည်း ဆွတ်ပျံလွမ်းမောဖွယ်ရာကောင်းသော ကရုဏာအသံနှင့်အတူ တီးကွက်စိပ်စိပ်ဖြင့် ပုံဖော်တီးခတ်ထားသော စစ်ကိုင်းဦးလှရွှေ၊ ဒေါ်ဟင်္သာကြည်တို့ဇနီးမောင်နှံ၏ အနုပညာလက်ရာကို အောက်ပါလင့်ခ်တွင် သွားရောက်နားဆင်နိုင်ပါသည်။ 


အဆိုတော် ဒေါ်ဟင်္သာကြည် ကောင်းရာမွန်ရာ ရောက်ပါစေ....
ဂီတမိတ်မြန်မာဂီတစုဆောင်းမှု့


နားဆင်ရန် Youtube Link

(၁) တောမြိုင်စွန်းက လွမ်းအောင်ဖန်ယိုးဒယား၊
ပုလဲသံစဉ်၊
ဆို ဒေါ်ဟင်္သာကြည်၊
တီး စန္ဒယား စစ်ကိုင်းလှရွှေ၊
Robert Garfias အသံသွင်းယူသည်။


https://www.youtube.com/watch?v=tVm42bWofG8



(၂) သောင်းရွေလယ် အီနောင်ဇာတ်ဖြည့် ယိုးဒယား

ဆို - ဒေါ်ဟင်္သာကြည်
တီး - စန္ဒယား စစ်ကိုင်းလှရွှေ


https://www.youtube.com/watch?v=vOQrFjY2IlI&feature=youtu.be



(၃) အချစ်ဒဏ်


ဆို - ကိုမြသောင်း နှင့် ဒေါ်ဟင်္သာကြည်
စန္ဒယား - စန္ဒယား စစ်ကိုင်းလှရွှေ
ခြောက်လုံးပတ် - ဦးပန်းခင်၊ဦးဘိုစိန်
စည်းဝါး - ဒေါ်ဟင်္သာကြည်


https://www.youtube.com/watch?v=abOmj7pF0Dg&feature=youtu.be


(၄) တောင်တောသာယာ ယိုးဒယား



ဆို - ပဲရော့ဘသန်းလေး နှင့် ဒေါ်ဟင်္သာကြည်
စန္ဒယား - စစ်ကိုင်းလှရွှေ
တယော - အပီတော် ဦးကြိုင်


https://www.youtube.com/watch?v=SQ-zOFkKINA

ဒေါ်ဟင်္သာကြည်ငယ်စဉ်ကဓာတ်ပုံဒေါ်ဟင်္သာကြည်ငယ်စဉ်ကဓာတ်ပုံခင်ပွန်းသည် စစ်ကိုင်းလှရွှေနှင့်တွဲဖက်သီဆိုခဲ့သော သီချင်းကို ပြန်လည်နားဆင်နေသော ဒေါ်ဟင်္သာကြည်ခင်ပွန်းသည် စစ်ကိုင်းလှရွှေနှင့်တွဲဖက်သီဆိုခဲ့သော သီချင်းကို ပြန်လည်နားဆင်နေသော ဒေါ်ဟင်္သာကြည်စစ်ကိုင်းဦးလှရွှေ နှင့် ဒေါ်ဟင်္သာကြည်တို့၏ နေအိမ်စစ်ကိုင်းဦးလှရွှေ နှင့် ဒေါ်ဟင်္သာကြည်တို့၏ နေအိမ်ဒေါ်ဟင်္သာကြည့် နှင့် စစ်ကိုင်းဦးလှရွှေတို့ ဇနီးမောင်နှံ၏ ပုံတူပန်းချီကားဒေါ်ဟင်္သာကြည့် နှင့် စစ်ကိုင်းဦးလှရွှေတို့ ဇနီးမောင်နှံ၏ ပုံတူပန်းချီကားဒေါ်ဟင်္သာကြည်နှင့် ဂီတမိတ်အဖွဲ့ဒေါ်ဟင်္သာကြည်နှင့် ဂီတမိတ်အဖွဲ့
LikeShow More Reactions
Comment
Comments
Myint Swe Mg Thonnya
Write a comment...

Friday, 22 July 2016

ကြမ္မာရဟပ်တစ်ပတ်လည် (သို့မဟုတ်) အထီးကျန်



ကြမ္မာရဟပ်တစ်ပတ်လည် (သို့မဟုတ်) အထီးကျန်





ပ -



ကြမ္မာရဟပ်တစ်ပတ်လည် အထီးကျန်
မောင်သုည

အဖွင့်သီချင်း
( ချစ်ပင်ချစ်မိုးချစ်လိုက်ပါတဲ့မေ - သဉ္ဇာညောင်ဗွေအမြဲလိုတန်းတနေ-
မောင်မှန်းဆကာ အလွမ်းပြေ-အလွမ်းပြေ -မေ့ဓါတ်ပုံတွေပြုံးယောင်ပါလို့နေ-မမုန်းနိုင်ဘူးမောင့်တစ်သက်မှာလေ - ဘုန်းမောင်သက်ထားမေ -)
သည်သီချင်းကလေးကကျွန်တော်နဲ့မေတို့ရဲ ချစ်သူတို့ဘ၀ အချစ်ခရီးကိုအစပျိုးပေးခဲ့တာပါ
မေကရတနာဆောင်မှာနေတော့ကျွန်တော်သူငယ်ချင်းတွေနဲ့ညတိုင်း
အဆောင်ရှေ့သွားပြီးသည်သီချင်းနဲ့မေ့ကိုချစ်ရေးဆိုခဲ့တာပါ
တိုတို့ပြောရရင် မေ နဲ့ ကျွန်တော်တို့အချစ်ဇာတ်လမ်းကသည်သီချင်းကြောင့်ဘဲ
ဆုံဆည်းခဲ့ကြတယ်လို့ဆိုရမှာပါ၊
မေနဲကျွန်တော်တို့ကျောင်ပြီးလို့အလုပ်တွေကိုယ်စီရတဲ့အထိကိုယ့်ရည်ရွယ်ချက်
ပန်းတိုင်မရောက်မချင်းကျိုးစားပြီးနေခဲ့ကြပါတယ်၊
မေက( Eco )နဲ့ကျောင်းပြီးတယ်။ရုံးတစ်ရုးမှာစာရင်းကိုင်အလုပ်တစ်ခုဝင်လုပ်ပါတယ်၊
ကျွန်တော်ကBsc(Civle)နဲ့ပြီးပါတယ်။ကျောင်းပျြီးတော့ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ
ဝင်လုပ်ရင်းအဆက်အသွယ်ကောင်းရတာနဲ့ထိုင်းနိုင်ငံမှာဆောက်လုပ်ရေးလုပ်ငန်း
( Contractor ) အလုပ်-လုပ်နေပါတယ်။
အလုပ်အကိုင်ကတော်တော်လေးအဆင်ပြေလာလို့၊မေနဲ့လက်ထပ်လိုက်ကြပြီး
မေ့ကိုထိုင်းကိုခေါ်ထားနိုင်ခဲ့ပါတယ်၊
အဲဒီဒါပေမဲ့ကျွန်တော်နဲ့မေတို့်လက်ထပ်ခဲ့ကြတာတစ်နှစ်ကျော် ၂ နှစ်နီးပါးလောက်ရှိခဲ့ပေမဲ့
ခလေးတစ်ယောက်မှမရကြသေးပါဘူး။
ဒါကလဲမေ ကျောက်ကပ်မကောင်းလို့ကျောက်ကပ်တစ်လုံးထုတ်ထားရတာကြောင့်
ဖြစ်မလားတော့မပြောတက်ပါဘူး၊
          မေကလဲ မောင့်ကိုသားသားလေးတစ်ယောက်မွေးပေးပါဆိုမှ
အို - မောင်က လဲ ဒါဘဲခဏခဏပြောနေတာဘဲ -
 မေ့အကြာင်းလဲမောင်သိသားနဲ့မေလဲလိုချင်တာပေါ့
သူများကို ဒုက္ခပေးမလို့လား
အေးပါ ကွယ်  မောင်နားလည်ပါတယ် မောင်ကစတာပါ  


02
`သူပြောတာလဲ မှန်နေတော့ ကျွန်တော်လဲကျေနပ်ရတာပေါ့
ကျွန်တော့ဆောက်လုပ်ရေးအလုပ်ကတော်တောအလုပ်များပါတယ်၊
အလုပ်ဆိုက်တွေက  နှစ်ဆိုက် သုံးဆိုက် တပြိုင်ထဲကျတဲ့အခါလဲကျတယ်။
တခါတစ်လေနယ်မှာသွားလုပ်ရတာလဲရှိတယ်၊
ဆောက်လုပ်ရေးအလုပ်ဆိုတာက တစ်နေရာထဲဘယ်ရှိပါ့မလဲ
ဆိုက်ရှိတဲ့နေရာမှာလိုက်လုပ်ရတာပေါ့
ကျွန်တော့ရဲ့ ခံယူချက်ရ အိမ်ထောင်တစ်ခုတည်ဆောက်ဘို့အတွက်ငွေဟာအရေးကြိးတယ်
ငွေမရှိရင်ဘာမှလုပ်လို့မရဘူး-ငွေမပြည့်စုံဘဲနဲ့အိမ်ထောင်တစ်ခုတည်တောင်ဘို့
မစဉ်းစားသင့်ဘူး-
ဒါကျွန်တော့ခံယူချက်ပါ၊
ဒါကြောင့်ငွေကိုအရင်ရအောင်ကပထမဆုံးရှာဖွေစုဆောင်းပြီးမှ
မေနဲ့ကျွန်တော်လက်ထပ်ဘို့ဆုံးဖြတ်ခဲ့ပါတယ်၊ချစ်သူတို့ဘ၀နဲ့၃ နှစ် ၄ နှစ်လောက်ကြာအောင်
အလုပ်ကိုကျိုးစားငွေကိုရှာပြိးမှလက်ထပ်ခဲ့ကြတာပါ၊
ကျွန်တော်တွက်တာမှန်တယ်လိုပြောရမလားမသိဘူးလက်ထပ်ပြီးတော့မကြာခင်
 မေကကျောက်ကပ်မကောင်းလို့ဆေးရုံတက်ရတယ်၊ကျောက်ကပ်တစ်လုံးခွဲထုတ်လိုက်ရတယ်၊
နိုင်ငံခြားမှာနေတာဆိုတော့၊ငွေတော်တော်ကုန်ပါတယ်၊
ကျွန်တော်ရှာထားတွေတော်တ်ာလေးလျော့သွားတယ်၊
တော်ပါသေးတယ်ကြိုတင်စီမံချက်ချထားလို့တာပေါ့၊
အဲဒါကြောင့်အလုပ်ကိုဘဲကျိုးစားလုပ်ပြီးငွေကိုဆက်ရှာနေရပါတယ်၊
မေကပင်ပင်ပန်းပန်းသိပ်အလုပ်မလုပ်နိုင်တော့ဘူး
မေကChineseသွေးနဲနဲပါတယ်တရုပ်စာကောစကားကောကောင်းကောင်းပြောတက်
ရေးတက်တယ် ဒါနဲ့မေအင်စတီကျုတစ်ခုမှာAccount ဆရာအလုပ်ရပါတယ်
သူ့အတွက်ကားတစ်စီးဝယ်ပေးထားပါတယ်ကျောင်းကိုသူကိုယ်တိုင်ကားမောင်းသွားပါတယ်၊
ဒါတောင်တစ်ခါတလေပင်ပန်းလို့ဆိုပြိးကျောင်းမသွားတဲ့နေလဲရှိသေးတယ်၊
အိမ်မှာအိမ်အလုပ်တော့သူဘာမှမလုပ်ရပဘူး။အိမ်မှာကူဖေါ်လောင်ဘက်မိန်းခလေး
တစ်ယောက်ရှိပါတယ်။သူနာမည်ကမမော်တဲ့၊အိမ်မှုကိစ္စအားလုံးစိတ်ချရတယ်။
  

     
03
ကျွန်တော်ကမနက်မေမနိုးခင်အိပ်ယာထပြီးရေချိုးဘုရားရှစ်ခိုး၊နံနက်စာ
( Brakefast )စားပြိးအလုပ်သွားတော့တာဘဲ၊
ကျွန်တော်နဲ့မေနဲ့ က ကျွန်တော်အလုပ်ထဲရောက်မှ ဖုံးနဲ့စကားပြောရတာပါ
          “ Goodmorning မေ နိုးပြီလား  ဒီေ့ကျောင်းသွားလား မနက်က ဘာနဲ့စားလဲ
နိုးပြီလေ - မမော် ဖျော်ပေးတဲ့ကော်ဖီပေါ့ဒီနေ့နဲနဲမောနေလို့
ကျောင်းမသွားဘူးခွင့်တိုင်ထားတယ်၊
အော် ဟုတ်လား အိမ်မှာပတ္တမြားသွေးဆေးရှိတယ်လေအဲဒါသောက်လိုက်လေ
သိပါတယ် အဲဒါ သောက်ပြီးပြီ - ခဏနေကောင်းသွားမှာပါ -
ဒါပေမဲ့ အိမ်မှာနေရတာပျင်းလို့ မနက်ဖြန်တော့ ကျောင်းတက်မယ်
  မေ သိပ်မောနေရင်လဲမသွားနဲ့လေအိမ်မှာနားနားနေနေ-
 နေပေါ့မောင်အလုပ်ပိုလုပ်မှာပေါ့
ရပါတယ် မေ လုပ်နိုင်ပါတယ် မောင်သိပ်ပင်ပန်းနေမှာပေါ့
ရပါတယ် လုပ်မနေနဲ့ ကျန်းမာရေးဂရိုစိုက်နော်
ဒါဘဲနော် အလုပ် ဆက်လုပ်လိုက်အုံးမယ်
“ အော် မောင်  မနက်ဖြန်မေ့မွေးနေ့လေ မောင်မမှတ်မိဘူးလား “
“ အော် အေးဟုတ်သားဘဲ  မနက်ဖြန် သောကြာနေ့ မေ့မွေးနေ့ဘဲ “
“ အော် အခုမှ ဟုတ်သားဘဲလုပ်နေတယ် မောင်မေ့နေတယ် မဟုတ်လား “
“ မဟုတ်ပါဘူးကွာ မောင်သိပါတယ်  ကဲ ကဲ မေ့ မွေးနေ့မှာဘာလုပ်ချင်လဲ ဘာလိုချင်လဲပြော”
“ မေ ဘာမှမလိုချင်ပါဘူး ဘုန်းကြီးအိမ်မှာပင့်ပြီးဆွမ်းကြွေးချင်တယ် “
“ ရတယ်လေ မောင် စီစဉ်လိုက်မယ် စိတ်တိုင်းကျ ထမင်းဆိုင်ကို မနက်ဖြန်ဒန်ပေါက်
လာပို့ဘို့မှာလိုက်မယ် နော် မေ ဘယ်နှစ်ယောက်စာမှာ မလဲ “
“ သိပ်များများမှာ ပါဘူး အပြင်လူမှ မဘိတ်တာ မောင်ကြည့်မှာလိုက်နော်”
“ အိုကေ အိုကေ”
တစ်နေ့တစ်နေ့မေ နဲ့ ဖုန်းပြောရတာဒီလောက်ပါဘဲံ
ကျွန်တော် နဲ့မေနဲ့ က အိမ်မှာသိပ်စကားပြောချိန်မရကြဘူး-ကျွန်တော်အိမ်ပြန်ရောက်တော့မေက အိပ်နေပြီကျွန်တော်ကလဲအိမ်ရောက်ရင်ရေချိုးထမင်းစားပြီး နေ့လည်ကအလုပ်တွေ
ငွေစာရင်းတွေကိုစာရင်းရေးမှတ်ရထာနဲ့နောက်တစ်နေ့အတွက်လုပ်ငန်းအစီအစဉ်ချရတာ၊
လို့အပ်တဲ့နေရာမှာတင်ပြဘို့ ဒီဇိုင်းဆွဲရတာနဲ့ဆိုတော့ တော်တ်ာနဲ အိပ်ယာထဲမရောက်နိုင်ဘူး
မနက်ကျတော့ မေ မနိုးခင် အစောကြီးအလုပ်သွားရပြန်ရော။
04
          မောင်  ဘုန်းကြီးတွေကိုနေ့ဆွမ်းကပ်မှာနော် မောင်
ဟုတ်တယ်မေ  မောင်အလုပ်ခဏသွားပြီး စီစဉ်စရာရှိတာလေးစီစဉ်ပြီးဘုန်းကြီးဆွမ်းစား
အမှီပြန်လာခဲ့မယ် နော်.
ကဲ  ကြွ  ကြွ
မေက ကျွန်တော့ကို မလိုမကျတဲ့ဟန်နဲ့ ငေါ့တော့တော့ပြောလိုက်ပါတယ်။
အလုပ်ရောက်တော့ အလုပ်သမားတွေကို စီစဉ်စရာရှိတာလေးတွေစီစဉ်ပြိး
ထွက်မယ်လုပ်တော့ အဆောက်အဦးပိုင်ရှင်ရောက်လာတာနဲ့အလုပ်အခြေအနေကို
နဲနဲရှင်းပြနေရပါတယ်၊
နာရီကြည့်လိုက်တော့ အိမ်မှာဘုန်းဘုန်းတွေရောက်နေလောက်ပြီဆိုပြီးမနဲစကား
ဖြတ်ပြီးအိမ်ကိုဒုန်းဆိုင်းမောင်းလာခဲ့ပါတယ်။
အိမ်ရောက်တော့နဲနဲနောက်ကျသွားတယ်
မေ့မျက်နှာကြည့်ရတာသိပ်မကောင်းဘူး
ဘုန်းဘုန်းတို့နဲ့လဲစကားနဲနဲဘဲပြောလိုက်ရပါတယ်.
ခဏနေနော့ ဘုန်းဘုန်းတို့ကပြန်ကြွတော့မယ်ဆိုလို့ ကျောင်းကိုလိုက်ပို့
လိုက်ရပါတယ်
မေ - မောင်ဘုန်းဘုန်းတွေကိုလိုက်ပြန်ပို့လိုက်အုံးမယ်နော်
မေ့ ဆိက ဘာမှစကားပြန်မပြောသံအကြား ခဲ့ဘူး
ဒီနေ့တော့ မေ့ကျွန်တော့ကို စိတ်တော်တော် ဆိုးသွားပုံရပါတယ်
မွေးနေ့မှာတောင်သူ့အတွက်အချိန်မပေးနိုင်ဘူးပေါ့
လမ်းမှာဘုန်းဘုန်းကလဲ
တကာကြီးက အလုပ်တော်တော်များ သကိုးလို့  ပြောရှာပါတယ်
ဒါနဲ့ဘဲမေ့ကို မေစိတ်ဆိုးတာပြေသွားအောင် မေ့ကိုချော့ဘို့စကားစလိုက်ပါတယ်
နောက်တစ်နေ့မနက်အလုပ်ဆိုက်ရောက်တော့ မေ့ကိုဖုံးခေါ်စကားပြောရတယ်
မေ နိုးပြိလား ဒီနေ့ မောင်မေ့အတွက်အိမ်မှာနေရတာ မပျင်းအောင် ကွန်ပြူတာတစ်လုံးမှာထားတယ် ၊အဲဒါလာပို့လိုက်မယ်
သူဘဲဆင်ပေးသွားမယ် နော် 
ဟယ် ဟုတ်လား ကောင်းတာပေါ့ ဒါပေမဲ့ မေ မှကွန်ပြူတာမသုံးတက်တာ
အော် ကိစ္စမရှိဘူး မောင်ပြန်လာရင်သင်ပေမယ် မေ မအိပ်နဲအုံ့းနော်
 ဒီတပတ် Sunday   မောင် အားတယ် တစ်နေ့လုံးသင်ပေးမယ်
ကောင်းတာပေါ့ နောက်မှ မအားဘူးအလုပ်ပေါ်လာတယ်မလုပ်နဲ့နော်
04
အေးပါ  ကွန်ပြူတာလာ ဆင်ပေးမဲ့သူကို မောင် အလုပ်က ပါ စိတ်ချရပါတယ်
မစိုးရိမ်နဲ့ မမော်ကို လဲ ဘေးမှာစောင့်နေလို့ပြော
အိုကေ   ဘိုင် ဘိုင် 
ဒီနေ့ အိမ်ကို စောစောပြန်ရောက်တယ်
အိမ်မှာ ကွန်ပြုတာရောက်နေတယ်ဆိုတော့ မေ့ကိုသင်ပေးစရာကလဲရှိနေလို့
မေလဲ စောင့်နေတယ် ။
ဟော မောင်ပြန်လာပြီ - နေ့လည်ကဘဲကွန်ပြူတာလာဆင်ပေးသွားတယ်
သူလဲ ဘယ်လိုဖွင့်ရတယ် ဘယ်လိုပိတ်ရတယ် ဆိုတာနဲနဲပြပေးသွားတယ်
အိုကေ - ကွန်ြ့ပူတရ ပြီိဆိုတော့ အင်တာနက်လဲ တပ်ပေးရအုံးမယ်
မနက်ဖြန် Sunday မှာ အားလုံးပြီးအောင်လုပ်ပေးခဲ့မယ်
ကဲ မေ အခုလောလောဆယ် မေ Window  နဲ့ word ကိုရင်ပြပေးမယ်
နောက်အင်တာနက်ရတော့ မှတဖြေးဖြေး Facebook တို့ Blog တို့ ဖွင့်ပေးမယ်နော်
ရတယ်လေ မောင်အဆင်ပြေသလိုလုပ်ပါ မောင်က အလုပ်မအား ရတဲ့အထဲ
ရပါတယ် မေ ရဲ့  မောင် က မေ အိမ်မှာ တစ်ယောက်ထဲ ပျင်းနေမှာစိုးလို့ပါ
ကျွန်တော်က မေ့ကို ကွန်ပြူတာဖွင့်ပုံပိတ်ပုံကိုစသင်ပေးပါတယ်၊
နောက်စာရိုက်ဘို့ Word  ကိုစသင်ပေးပါတယ် ၊
Gmail Account တစ်ခု နဲ့  ဖေ့ဘုတ်အကောင့်တစ်ခုဖွင့်ပေးထားတယ်
“Password  ကို မေ့မွေးတဲ့ခုနှစ်ရယ် လ ရယ်ကိုယူလိုက် အဲဒါဆိုမမေ့တော့ဘူး
အင်းကောင်းတယ် - မေ့ကသိပ်သတိမေ့တက်တာဆိုတော့ အဲဒါဘဲကောင်းတယ်
“Gmail   Facebook ကော Password  တစ်ခုထဲထားနော် သိပ်စဉ်းစားမနေရအောင်လို့
အိုကေ အိုကေ ရပါပြိ မောင်ရဲ့  ဒီနေ့တော့ ဒီလောက်နဲ့စလေ့ကျင့်နေမယ်နော်
မေ-မသိတာ မောင့်ကိုဖုန်းဆက်ပြီးလှမ်းမေးမယ်၊
အိုကေ
မေကသိပ်မဆိုးပါဘူး တစ်ပတ်လောက်နဲ့သူကောင်းကောင်းသုံးတက်နေတယ်
တစ်ခါတစ်လေ သူမလုပ်တက်တာကိုဖုံးဆက်မေးတယ်။
မေကစာရေးကောင်းတယ်ဆိုတော့သူတင်တဲ့ Postတွေကိုလူတော်တော်
များများကကြိုက်ကြတယ်၊Comment တွေတော်တော်လာတယ်လို့ပြောတယ်၊
 Friends တွေလဲတော်တော်များလာတယ်ဆိုတော့စကားပြောဖေါ်တွေရလာတယ် ။ ကျွန်တော်ကလဲမေ့ကိုအဲဒီလိုဘဲဖြစ်စေချင်တာပါအဓိကကတော့အိမ်မှာတစ်ယောက်ထဲ
(အထီးကျန်)ဖြစ်နေမှာစိုးလို့ဒီလိုစီစဉ်ပေးထားတာပါ။
05
ကျွန်တော်ဆီဖုံးဆက်တဲ့အခါမှာသူ့ဘယ်သူနွှဲမိတ်ဆွေဖြစ်တယ်၊ဘယ်သူကဘာပြောတယ်
အကုန်ပြန်ပြောပြတယ်။
မောင်ရေ ကျောက်ကပ်တစ်လုံးလှူမယ်တဲ့ ဖေ့ဘုတ်မှာတွေ့တယ်
ဟုတ်ရဲ့လား သေချာရဲ့ လား
အော်ဒီမှာလိပ်စာလဲပါတယ် ဆက်သွယ်ပါတဲ့
ကောင်းတာပေါ့ မေဆက်သွယ်ကြည့်လေ ဘယ်မှာတဲ့လဲ
စင်ကာပူမှာတဲ့မောင်ရဲ့  အဲဒါ မေ့ Friend က ရှာပေးတာ
သူက မေ့ကို သိပ်ဂရုစိုက်တာမောင်ရဲ့  မေ့ကို ကိုယ်ချင်းစာတယ် သူဘဲ
ကျောက်ကပ်သမားတွေ လိုအပ်တဲ့အစားအစာတွေ ရှာပြီးပြောပေးနေတာ
ကောင်းပါတယ် မောင်ကလဲ အင်တာနက်မထိုင်နိုင်တာဆိုတော့ မေလဲအဖေါ်ရတာပေါ့
         ဒါပေါ့မောင်ရဲ့ မေဆက်သွယ်ကြည့်လိုက်မယ်မောင်နော်
နောက်တော့မေကကျောက်ကပ်အစားထိုးဘိုသူစင်ကပူသွားမယ်
ဟိုမှာအစစကူညီမဲ့လူရှိတယ်လိုပြောတယ်၊
ဟာ တစ်ကယ်လားမေ - ဖြစ်ပါ့မလား မောင်လိုက်မှာပေါ့
မောင်အလုပ်မအားရင်လဲရတယ်လေ ကိစ္စမရှိဘူး မမော်ကိုခေါ်သွားမယ်
ဟိုမှာအားလုံးစီစဉ်ပြီးပြီမောင်ရဲ့ 
ဘာဘဲဖြစ်ဖြစ်ဒီကိစ္စကမောင်မလိုက်လို့ဘယ်ဖြစ်မလဲ” “ကဲမေဘယ်နေ့ခွဲစိတ်မယ်ဆိုတာကိုစီစဉ်လိုက်မောင်အလုပ်ကိုတစ်ပတ်
စာခွင့်ယူပြီးစီစဉ်ထားခဲ့မယ်မောင်လိုက်ပို့မယ်
ဒါဆိုလဲ မေစီစဉ်လိုက်မယ်နော်
အိုကေ
နောက်တစ်ပတ်လောက်ကြာတော့ မေက သူ့စီစဉ်ပြီးတာကိုပြောပြတယ်
မောင်ရှေ့တစ်ပတ်ဆိုရင် ကျောက်ကပ်လှူမဲ့လူကလဲအစဉ်သင့်ဖြစ်မယ်တဲ့
သူကိုလဲဆရာဝန်ကဆေးစစ်ပြီးပြီတဲ့ အဲဒါမောင် လေယဉ်လက်မှတ
တွေဝယ်ထားလိုက်တော့
မေ့ကိုကျောက်ကပ်အစားထိုးလဲဘို့စင်ကပူလိုက်ပို့ပါတယ်။ဟိုမှာကူညီမဲ့လူကိုတွေပါတယ်။
သူကဆရာဝန်တော့မဟုတ်ဘူးဆေးရုံက၀န်ထမ်းတစ်ယောက်ပါ၊
မေနဲ့Facebook မှာတွေ့လို့မိတ်ဆွေဖြစ်ကြရင်း၊
မေကကျောက်ကပ်တစ်လုံးထုတ်ထားရတယ်ဆိုတာသိလို့၊ဒီမှာလဲ
ကျောက်ကပ်လှူမဲ့စေတနာရှင်ပေါ်နေတာနဲ့လှမ်းပြောပေးတာတဲ့၊
06
ကုန်ကျစရိတ်နဲ့နေဘို့ထိုင်ဘို့တိုင်ပင်ဆွေးနွေးကြပြီးတဲ့နောက်
ကျောက်ကပ်လှူမဲ့စေတနာရှင်နဲ့တွေ့ပေးပါတယ်၊လှူတဲ့လူကလဲ
စေတနာနဲ့လှူတာဆိုတော့ငွေရေးကြေးရေးစကားမပြောပါဘူး၊
ခွဲစိတ်တဲု့ကုန်ကျစရိတ်ကိုဘဲကိုယ်ကခံရမှာပါ၊နေရေးထိုင်ရေးကိုတော့မေနဲ့ Friend သူ
ကအားလုံးစီစဉ်ပေးပါတယ်၊
နောက်ဆုံးတော့ခွဲစိတ်ဖြစ်ခဲ့ပါတယ်၊တစ်ပတ်လောက်အခြေအနေစောင့်ကြည့်ရမယ်
နောက်တစ်လတစ်ခါလာပြရမယ်ဆိုတော့၊ကျွန်တော့အလုပ်ကကြာကြာပစ်ထားလို့မဖြစ်
တာကြောင့်မေ့ကိုမမော်နဲ့ထားခဲ့ရပါတယ်။
ကျွန်တော်ဘန်ကောက်ပြန်ရောက်တော့၊အလုပ်တွေကိုပြန်စပြီးနောက်ထပ်ငွေထပ်ရှာဘို့
ပိုကျိုးစားလုပ်ရပါတယ်၊
မေ့ဆီကကျန်းမာရေးအခြေအနေကောင်းတဲ့အကြောင်းနေရေးထိုင်ရေး
ဘာမှလိုလေသေးမရှိကြောင်းနဲ့စိတ်မပူဘို့ပြောလာပါတယ်။
နောက်ပြီးမေကတရုပ်စကားနဲ့စာကိုကောင်းကောင်းပြောတက်ရေးတက်တော့
သူ့Friendကတရုပ်စာနဲ့အင်္ဂလိပ်စာပြဘို့ဆရာအလုပ်တစ်ခုရှာပေးထားတယ်တဲ့၊
စင်ကပူမှာတစ်လတစ်ခါကျောက်ကပ်အခြေအနေစစ်ဆေးဘို့အနဲဆုံးတစ်နှစ်လောက်
နေရမှာဆိုတော့နေစရိတ်ထိုင်စရိတ်နဲ့ဆရာဝန်ပြဘို့အတွက်တွေလိုလာမှာဆိုတော့
မေလဲအလုပ်ကိုလက်ခံလိုက်တယ်တဲ့၊
ကျွန်တော်ကလဲဆောက်လုပ်ရေးအလုပ်ကအဆင်ပြေနေတော့မေ့အတွက်ကောကျွန်တော့
အတွက်ပါအဆင်ပြေအောင်မေအလုပ်လုပ်မယ်ဆိုတာကိုခွင့်ပြုလိုက်ပါတယ်။
ဒီလိုနဲ့မေ့နဲ့ကျွန်တော်တို့ရဲ့အိမ်ထောင်ရေးကမေ့ရဲ့ကျန်းမာရေးအခြေအနေကိုငဲ့ကွက်ပြီး
တစ်ယောက်တစ်နေရာစီတစ်ကွဲတပြားခွဲနေရကြပါတယ်။
အခြေအနေနဲ့အချိန်ကလတွေရဲ့ကုစားပေးမှုအရကျွန်တော်လဲအဖေါ်မရှိဘဲတစ်ယောက်ထဲ
နေတက်သွားသလို၊မေကလဲတစ်ယောက်ထဲနေတက်သွားပါတယ်။
ဒီလိုနဲ့ တစ်ယောက်ထဲအထီးကျန်ဘ၀နဲ့နေလာခဲ့ရင်းတစ်နေ့မှာတော့
ပျင်းပျင်းရှိတာနဲ့ မေ့ကွန်ပြူတာကိုဖွင့်ကြည့်မိခဲ့တယ်
မေ့ရဲ့ Facebook Account တို့ gmail တို့ Blog တို့ကို ကျွန်တော်ကိုယ်တိုင်ဖွင့်ပေးခဲ့တာဆိုတော့
Password ကိုသိနေတော့ ဖွင့်ကြည့်မိတယ်၊
မေနဲ့သူFriend တို့နှစ်ယောက်Chat Boxမှာအပြန်အလှန်စကားပြောနေပုံ
တွေတွေ့တော့မှမေဟရဲ့ အထီးကျန်ဘ၀ကိုရင်ဖွင့်ရင်း
အဖေါ်မွန်တစ်ယောက်ရသွားတာကိုသိလိုက်ရတယ်
07
မေက သူတစ်ယေက်ထဲအထီးကျန်ဖြစ်နေတာကိုတော်တော်လေးရင်ဖွင့်ထားတာ
တွေ့ရတယ်
မေ့မွေးနေု့တုန်းကကျွန်တော်နောက်ကျမှရောက်လာတာကိုသူတော်တော်ဝမ်းနည်းသွားပုံရတယ်
၊အဲဒီနေ့ကကျွန်တော်မရောက်ခင်ဘုန်းဘုန်းကိုတိုင်ထားတာတွေကိုရင်ဖွင့်ထားတယ်
အဲဒါကြောင့်မေ့ရဲ့ကွက်လပ်ကိုသူ့Friend ကအစားထိုးလိုက်တာဘဲ
နောက်ဘုန်းဘုန်းနဲ့ဆုံတော့ဘုန်းဘုန်းပြန်ပြောမှသိရတယ်
တကာကြီးရဲ့ ဇနီးကသူ့မှာ ဘာမှလိုလေသေးမရှိအောင်အားလုံးပြည့်စုံပါတယ်တဲ့
ပိုတ်ဆံတွေလဲအများကြီးရပါတယ်တဲ့၊အိမ်မှာလဲ TV ရေခံသေတ္တာ ၊ မောတော်ကား -အားလုံးသူ့ခင်ပွန်းက၀ယ်ပေးထာပါတယ် ဒါပေမဲ့သူမပျော်ခဲ့ဘူးတဲ့
အိမ်မှာခင်ပွန်းဖြစ်သူနဲ့အေးအေးဆေးဆေးရင်းရင်းနီးနှိးစကားပြောဘို့အချိန်လေးတောင်မရဘူးတဲ့၊
ခင်ပွန်းဖြစ်သူက မိုးချုပ်မှအိမ်ပြန်ရောက်တယ်။
ထမင်းလဲတစ်ယောက်ထဲစားရတာများပါတယ်တဲ့
တစ်ညလုံးနေလည်ကလုပ်ခဲ့တဲ့စာရင်းတွေကိုပြန်သွင်းနေရတော့၊
တော်တ်ာနဲ့မအိပ်ဖြစ်ဘူးတဲ့၊မနက်ကျတော့လဲ၊အစောကြိးအလုပ်ထွက်သွားတော့၊
ပြောစရာရှိရင်တောင်အလုပ်ထဲကျမှ တယ်လီဖုန်းနဲ့ဆက်ပြိးပြောကြရတာပါတဲ့
ဘုန်းဘုန်းကပြောတယ် - တကာကြီးရဲ့ ဇနီးက မေတ္တာငတ်နေတာပါတဲ့
ကျွန်တော်လဲ ဘုန်းဘုန်းပြောမှကျွန်တော်အဖြစ်ကိုပြန်ပြီးစဉ်းစားကြည့်တော့-တကယ်ဘုန်းဘုန်းပြောတာမှန်နေတာတွေ့ရတယ်၊
အခုမှ ကျွန်တော်မှားမှန်းနောင်တရမိတယ်
ကျွန်တော်က မေ့ကိုတစ်ယောက်ထဲပျင်းမှာစိုးလို့ကွန်ပြုတာတစ်
လုံးဝယ်ပေးထားပြိးFacebook ဖွင့်ပေးခဲ့တာ အခု ဒီ facebook ကဘဲ
သူ အဖေါ်တွေစုံလို့ လက်တွဲဖေါ်တောင်ရနေပြီဆိုတာ
 Facebook မှာသူတို့ချင်းChat Box မှာပြောထားတာတွေ
( ဒီနေ့ ဒီလောက်ပဲနော် အိပ်တော့မယ်  အာဘွား  )
လို့နှုတ်ဆက်ကြတာတွေက
ကျွန်တော့ရင်ထဲကို မီးစနဲ့ထိုးသလိုမွှေနှောင်လောင်ကျွမ်းစေခဲ့ပါတယ်။
အခု ကျွန်တော်ကောင်းကောင်းဝဋ်လည်နေပါပြီ
မေ့ကို တစ်ယောက်ထဲ အထီးကျန်ဘ၀ နဲ့ ပစ်ထားခဲ့တဲ့ကျွန်တော်
တစ်ကယ်အထီးကျန်တဲ့သူကကျွန်တော်တစ်ယောက်ဖြစ်နေပါပြိ  -
မေ့အဆောင်ကိုညတိုင်းသွား ပိုးခဲ့ရတဲ့ဒီသီချင်းကလေးက အခုမှ ကိုပြိးဆိုလို့ကောင်းနေတယ်မေရေ
သတိရတိုင်းမေ့ဓါတ်ပုံလေးကြည့်ပြိးဆိုနေမိပါတော့တယ်
အပိတ် သီချင်း
( မောင်-မှန်းဆကာ အလွမ်းပြေ - အလွမ်းပြေ မေ့ဓါတ်ပုံတွေပြုံးရောင်ပါလို့နေ-မမုန်းနိုင်ဘူး-မောင့်တစ်သက်မှာလေ - ဘုန်းမောင်သက်ထားမေ -
(ယနေ့တိုင်မမေ့နိုင် ချစ်တင်းအတူနှောချစ်မဏ္ဍိုင်ဆိုက်ပါလို့ချော့ကာမြူခဲ့သလေ -)၂
မေ့ကိုလေ မြင်နေကျမို့ တစ်နေ့မမြင်ရ-မောင်တစ်လ ထင်သလေ
နောင်ဘ၀ရောက်အောင်မခွဲတမ်းပေါင်း ဖေါ်ပါရစေမေရေ
ရွှေမေတ္တာတွေ - ဖေချစ်ထာတွေ -သွေမပြစ်ပါသလေ - မေသိပါစေ ငြိုငြင်ပါလို့မုန်းတော်မူနဲ့လေ)

မောင်သုည