Monday, 7 November 2016

တစ်ချိန်က နှစ်သက်ခဲ့သောတေးများ

တစ်ချိန်က နှစ်သက်ခဲ့သောတေးများ
ဂီတစာဆို - ရုပ်ရှင်မင်းသားမြတ်လေး ၏ လက်ရာများ
မခင်နှင်းဆီ တေး ၅ ပုဒ် ရဲ့ နော်ကဆက်တွဲ
ခြားနားချက် - သန်းဖေလေး ( ကနဦးတေးသံရှင် - ကိုမြကြီး
<a href="http://yourlisten.com/mgmoeswe/01-char-nar-chat-than-pe-lay" id="yl17450281">Listen Music - Download Audio - ▶ 01 - Char Nar Chat - T...</a><script src="http://yourlisten.com/embed.js?17450281" type="text/javascript" async></script>
ခြားနားချက် - သန်းဖေလေး
yourlisten.com

Saturday, 5 November 2016

ဟေမာနေ၀င်း ရဲ့  အကောင်းတကာ့ အကောင်းဆုံးတေးများ အခွေ။

ဟေမာနေ၀င်း ရဲ့  အကောင်းတကာ့ အကောင်းဆုံးတေးများ အခွေ။
93/94 ၀န်းကျင်မှာ ထွက်လာလိုက်တဲ့ အကောင်းတကာ့ ... အခွေတွေ ။ ဘယ်သူက ဘယ်လိုရွေးချယ်ပြီး အကောင်းတကာ့ ဖြစ်သလဲတော့သိဘူး။
ဖိုင်အမျိုးအစားနှင့် ပမာဏ သတိပြုရန် (MP3/128 KBPS/58.1MB)

နားဆင်ဖို့ နဲ့  သိမ်းထားနိုင်ဖို့ ...
http://phyuniwarpyar.blogspot.com/2014/11/blog-post_171.html

Friday, 4 November 2016

"သောင်းတိုက်ကကြားစေသား"

"သောင်းတိုက်ကကြားစေသား"
******************************
မေရွက်ဝါ & မေဆွိ & နီနီဝင်းရွှေ
********************************
01: : မင်္ဂလာဗျောသံ / နီနီဝင်းရွှေ
https://db.tt/ZvLJKbI6
02: : ဖက်ဖူးဆင် ခင် ခင် ကြိုက်တယ် / နီနီဝင်းရွှေ
https://db.tt/VDlT6Ugp
03: : မေ မေ / မေဆွိ
https://db.tt/kDfB4vQd
04: : ချစ်လိပ်ပြာလေး ချာချာလည် / မေရွက်ဝါ
https://db.tt/FtKdH9oe
05: : ချစ်စရာ့ရွှေတမာ / နီနီဝင်းရွှေ
https://db.tt/8pRays4U
06: : ရွှေဖိုးခေါင် / မေရွက်ဝါ
https://db.tt/tRpLvFBw
07: : ပျို့ မောင် ဖုန်း / မေဆွိ
https://db.tt/pwcYhAyK
08: : ဘုတ်တလုတ်ကန် / နီနီဝင်းရွှေ
https://db.tt/d1pNzv8R
09: : အ ပျော့ ဆွဲ / မေဆွိ
https://db.tt/WHS6VI0Z
10: : ယုန်ကမတိုး ပိုက်ကတိုး / မေရွက်ဝါ
https://db.tt/nnnOqv2a

ဇာတ်လမ်းပမာနားဆင်စရာ

ဇာတ်လမ်းပမာနားဆင်စရာ (201-220) Floder Link
https://my.pcloud.com/publink/show…
https://my.pcloud.com/publink/show…
************************
201 အသေးအဖွဲ...
Continue reading

Tuesday, 1 November 2016

အိမ်တွင်းဆေဒမြိးတိုများ

အိမ်တွင်းဆေးမြီးတိုများ's album.
23 hrs ·
အိမ်တွင်းဆေးမြီးတိုများ added 4 new photos to the album ဆေးမြီးတိုများ (17).
အဖိုးတန် မြန်မာ့ရိုးရာ အိမ်တွင်း တိုင်းရင်း ဆေးမြီးတိုများကို အလွယ်တကူ ဖတ်ရှု လေ့လာနိုင်ရန် PAGE အား Like & Share ပြုလုပ်၍ သိမ်းထားနိုင်ပါသည်။

မြန်မာရာဇ၀င်

Tin Maung Hlaing
ပညာရှိသော ကျစွာမင်းကြီး
ပုဂံ၌ ကျစွာမင်းသည် ၅၉၆ မှ ၆၁၂ ခုထိ မင်းပြု၏။ ဤမင်းသည် သနားကြင်နာတတ်သော စိတ်ရှိ၏။ ပိဋကတ် သုံးပုံကို ကိုးခေါက် တိတိ ပြန်၍ သင်ကြားမိသဖြင့် စာပေကျမ်းဂန်၌ အလွန်တတ်မြောက်တော် မူ၏။ ထိုအခါ ပြိုင်ဘက်မရှိသလောက် ဖြစ်၏။ ရဟန်း ၊ သံဃာ တို့ကိုပင် တစ်နေ့လျှင် ခုနှစ်ကြိမ် စာပို့ချတော်မူ၏။ သဒ္ဒဗိန္ဒုကျမ်း ၊ ပရမတ္တဗိန္ဓုကျမ်း များကို ရေးသားတော်မူခဲ့၏။
တူးရွင်းတောင်ခြေက ကျသောရေကို ကန်ဆည်၍ တဲနန်းဆောက်လုပ်ပြီးလျှင် စာပေပို့ချခြင်းဖြင့်သာ အချိန်ကုန်စေ၏။ စာပေလိုက်စားအား ကြီးလေသဖြင့် တိုင်ရေးပြည်မှုတို့ကို ပြန်မကြည့်နိုင်ဘဲ သားတော် အိမ်ရှေ့မင်း ဥဇနာကို ကြည့်ရှုစီမံ စေရ၏။
ထိုမင်း ဘုရားစေတီ တည်သည်မှာလည်း စာပေကိုသာ စိတ်ဝင်စားနေသဖြင့် အစီအမံ ညံ့သောကြောင့် မပြီးမစီး ရှိလေ၏။ ဘုရားမှာ တည်မည်ဟု အုတ်စ၍ လုပ်သည်မှာ ပြဿဒါးနေ ၊ ပန္နက်ချသည်မှာလည်း ပြဿဒါးနေ့ ၊ အုတ်မြစ်ချသည်မှာလည်း ပြဿဒါးနေ့ ၊ အလုံးစုံ စ၍ လုပ်သမျှမှာ ပြဿဒါးနေ့ ကျလေသဖြင့် ' ပြဿဒါးဘုရား ' ဟု ခေါ်တွင်သည် ဆိုကြသည်။
[မှတ်ချက်။ ။ မုံရွေးဆရာတော် ရေးသော စေတီယ ကထာ၌ကား ' ပြသာဒ်ဘုရား ' ဟု ပါရှိ၏။ ပါဠိခေါ် ပါသာဒ ၊ သင်္သကရိုက်ခေါ် ပြာသာဒ ၊ မြန်မာကမူ သင်္သကရိုက် နောက်သို့လိုက်၍ ပြာသာဒ်ဟု ယခု ခေါ်သည်။ ပါသာဒ ၊ ပြာသာဒ တို့မှ လှပတင့်တယ် ကြည်ညိုဖွယ် ဟူသော အနက်သဘော ရှိလေရကား ဤကျစွာမင်း၏ ' ပြဿဒါး ' ဘုရားမှာ တင့်တယ် ကြည်ညိုဖွယ်သော ' ပြဿဒ = ပြာသာဒ်ဘုရား ' ဟု အမည်တွင်ရင်း ရှိဟန်တူသည်။ ပြဿဒါးရက်များနှင့် ဆိုင်ဟန် မတူလေ။ ]
ကျစွာမင်းကြီးဆည်၍ စာချရာဖြစ်သော မြကန်ဘွဲ့လင်္ကာ
(ထိုမင်းလက်ထက်က ရေးဟန်တူသည်။)
မြကန်သာ ၊
တောင်ကျချောင်းတေး ၊ ရေဝင်ပြေးလှည့် ၊
ရေအေးကြည်စွာ ၊ ကန်ပိုင်မာလျက် ၊
ကြာပေါင်းထုံထုံ ၊ ငှက်မျိုးစုံသည် ၊
ဝတိံသာက ၊ နန္ဒာလော တူစွာ ၊ ဟုတ္တာ
ကန်ပိုင် = ကန်ပေါင်။
ဟုတ္တာ = ဟုတ်သည် ၊ ဟုတ်သတည်း။
ဦးကျည်ပွေ့ခေါ် ရှင်ဒိသာပါမောက်
ပုဂံပြည် ကျစွာမင်းကြီး လက်ထက်၌ (၅၉၆ - ၆၁၂) အသက် ၆၀ ရွက် ရဟန်းအိုကြီးတစ်ပါး ရှိ၏။ အမှတ်မဲ့နေမိ၍ ပိဋကတ်စာပေ မတတ်လေ။
ထိုရဟန်းကြီးသည် နေ့တိုင်း သွားတိုက်သော တံပူ (သွားတိုက်တံ) တို့ကို ကျောင်းအောက်ရှိ လေးတောင်မျှ နက်ကျယ်သော တွင်းထဲသို့ ပစ်ချလေ့ရှိ၏။ ချဖန်များသော် ထိုတွင်းပြည့်မောက်သွားလေ၏။
တစ်နေ့၌ ရဟန်းကြီးသည် ထိုတံပူတို့ကို ကြည့်၍ ဤသို့ တွေးတောမိ၏။ " ငါသည် တစ်နေ့လျှင် တံပူ တစ်ချောင်းမျှသာ တိုက်၍ ပစ်ခဲ့ရာ ယခု တွင်းပြည့်လေပြီ။ ဤမျှ သေးငယ်သော တံပူတို့ပင် ဖြစ်သော်လည်း နေ့စဉ်မှန်မှန် ပစ်ချ၍ ကာလကြာသော် တွင်းတစ်ခုလုံး ပြည့်လေပြီတကား။ ငါသည် ယခုအသက် ၆၀ တိုင် အမှတ်မဲ့နေခဲ့၍ စာပေမတတ် ရှိခဲ့သည်။ တစ်နေ့တစ်နေ့တွင် ယခုတံပူလောက် အနည်းငယ် စာပေသင်ခဲ့ပါလျှင် ကာလကြာသော် များစွာတတ်ရန် ရှိပေသည် " ဟုတွေးတော သတိရလေ၏။
သတိရသည့်အတိုင်း စာပေ သင်တော့အံ့ဟု ကျစွာမင်းထံသို့ ဝင်၍ ကံ့ကူဆံ အလှူခံလေ၏ (ရှေးက ပုရပိုက်တွင် ကံ့ကူဆံနှင့် စာရေးကြသည်)။ မင်းကြီးက " အရှင်ဘုရား အသက်ကြီးလှလေပြီ ၊ ယခုမှ စာသင်၍ အဘယ်မှာ တတ်နိုင်တော့မည်နည်း။ ကျည်ပွေ့အတက်ပေါက်မှ စာတတ်လိမ့်မည် " ဟု ပြက်ရယ်ဆို၍ ကံ့ကူဆံကို လှူလိုက်၏။
ရဟန်းကြီးကား ပြက်ရယ်ပြုသည်ကို စိတ်တွင်မှတ်၍ ထွက်ခဲ့၏။ မိမိကြံစည်ရင်းအတိုင်း စာပေတို့ကို တစ်နေ့လျှင် တံပူတစ်ထောက် (တစ်ထွာခန့်) မျှသာ ကျေကျေ ချောချော မိမိရရ ကြိုးစား၍ သင်လေ၏။ ကာလများ မကြာမီပင် အကယ် စာပေတတ်မြောက် တစ်ဖက်ကမ်းရောက် ဖြစ်လေ၏။
ထိုအခါ ယခင် ကျစွာမင်းကြီးက ပြက်ရယ်ဆိုလိုက်သည်ကို ပြန်၍ ချေပလိုသည်နှင့် ရဟန်းကြီးသည် ကျည်ပွေ့ တစ်ခုတွင် အတက် ပေါက်နေဟန် သစ်ခက်စိမ်းများ ပတ်ချည်၍ လက်က မြှောက်ကိုင်ပြီးလျှင် နန်းတော်သို့ ဝင်လေ၏။
ကျစွာမင်းကြီးလည်း ထူးထူးဆန်းဆန်း ပြု၍ ဝင်လာသော ရဟန်းကြီးကို မမှတ်မိ ၊ အံ့ဩစွာဖြင့် ကြည့်နေပြီးမှ အကြောင်းခြင်းရာ တို့ကို မေးရလေ၏။
ထိုအခါမှ ရဟန်းကြီးက " ဒါယကာ မင်းကြီး တစ်ခါက ငါ့ကို ' ကျည်ပွေ့ အတက်ပေါက်မှ စာတတ်လိမ့်မည် ' ဟု ဆိုလိုက်သည်ကို မှတ်မိပါသေး၏လော ၊ အေး ယခု ကျည်ပွေ့ အတက်ပေါက်လာပြီ ၊ မမြင်သလော " ဟုဆိုကာ ကျည်ပွေ့ကို ပြလေသည်။
မင်းကြီးလည်း သတိရ ဝမ်းမြောက် ကြည်ညိုခြင်းဖြစ်၍ တောင်းပန်လေ၏။ ရဟန်းကြီးက ဆက်၍ " ငါယခု စာတတ်ပြီ ၊ မေးလိုရာ မေးလော့ " ဟု ခပ်မာမာပင် မိန့်ဆိုလေ၏။ ထိုအခါ ကျစွာမင်းနှင့်တကွ နေပြည်တော် လေးပြင် လေးရပ်ရှိ စာတတ် ပေတတ် ဆရာတော် အကျော်အမော်တို့က ခက်ခက်ခဲခဲ နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းမေးမြန်းကြရာ အလုံးစုံကိုပင် လျင်မြန်ချောမောစွာ ဖြေဆိုနိုင်လေ၏။
ထိုသည့်နောက် ပညာဂုဏ်မောက်သော ရဟန်းကြီးက ထပ်လောင်း၍ ဆိုပြန်သည်ကား " ယခု ငါသည် အေးအေးဆေးဆေး ၊ ရွှင်ရွှင် ကြည်ကြည် ဉာဏ်ပွင့်လင်းနေ၍ ဖြေရသည်မှာ လွယ်၏။ သို့ကြောင့် ငါ့ကို ရေတွင် နှစ်ထားပါ။ မွန်းလောက်သည်ရှိမှ ဖော်၍ ပေါ်လျှင် ပေါ်ချင်း မရွှင်မကြည် မရှင်းမလင်း ရှိစဉ် အမြန်မေးပါ ၊ ထိုအခါမှာပင် ငါ ဖြေဆိုပြမည် " ဟုဆိုလေ၏။
သည်အတိုင်း ကန်တစ်ခုတွင်နှစ်၍ ဖော်ပြီးသည်နှင့် တစ်ပြိုင်နက် မေးမည့်ပုဂ္ဂိုလ်က မေးမည်ဟု မမေးမီ ' အဟမ်း ' ဟု ချောင်းဟန့် လိုက်သည်။ ရဟန်းကြီးက ပါဠိဘာသာ ' အဟံ ' ကို မေးသည်ထင်၍ ထို ' အဟံ ' ကို သဒ္ဒါနည်းအရ အလျင်အမြန်ပင် ချောချောမောမော ယုဂ် ထွက်ပြလိုက်လေ၏။
ထိုအခါ မေးသည့်ပုဂ္ဂိုလ်တို့မှာ ပြုံးရယ်၍ မမေးဝံ့ကြတော့ဘဲ လက်လျှော့လိုက်ကြ လေ၏။ ပြီးလျှင် ရဟန်းကြီးက " ငါ့ရှင်တို့ ငါ့ကို မေးကြသည်မှာ များပြီ ၊ ငါကလည်း မေးပါရစေ " ဟု ဆို၏။ " မေးပါတော့ " ဆိုကြမှ ပုစ္ဆာ တစ်ခုကို မေးလိုက်ရာ မဖြေနိုင်ကြ ရှိသောဟူ၏။
(ပုစ္ဆာမှာ " အညသမန်း စေတသိတ်၌ အည၏ အပါဒါန်ခံ၍ ပြကြစမ်းပါ " ဟူသတည်း။)
ဤသို့လျှင် ရဟန်းကြီး ကျော်စောကာ မင်းနှင့်တကွ အများပြည်သူတို့ ကိုးကွယ်ကြ၏။ မင်းကလည်း " ဒိသာပါမောက္ခ " ဟူသော ဘွဲ့တံဆိပ်ကို လှူတော်မူ၏။ ကျည်ပွေ့ အတက်ပေါက် ဆိုသောစကား အဖြစ်အပျက်နှင့် စပ်၍ ' ဦးကျည်ပွေ့ ' ဟုလည်း သာ၍ပင် ထင်ရှားကျော်စောလေသတည်း။
ကျစွာမင်း ၊ သား ဥဇနာမင်း ၊ သား နရပတေ့ခေါ် တရုတ်ပြေးမင်း အထိ ဆက်၍ ကိုးကွယ်ကြ၏။
တရုတ်ပြေးမင်း လက်ထက် ၆၄၆ ခုတွင် တရုတ်စစ်ကြီးရောက်၍ တရုတ်ပြည် တရုတ်ဘုရင်ထံသို့ သံတမန် စေလွှတ်ရန် ပေါ်ပေါက်လာသောအခါ ဤစာတတ်ပေတတ် နှုတ်ရေးကောင်း၍ ပညာအမြော်အမြင်နှင့် ပြည့်စုံသော အရှင် ဒိသာပါမောက်ကို လွှတ်ရ၏။ ထိုအရှင်သည် တရုတ်မင်းနှင့် စကားပြောပုံ ၊ ဆောင်ရွက်ပုံတို့မှာ အလွန် မှတ်သားဖွယ်ကောင်း၏။ အမောင်တို့ ကြီးသောအခါ ထို (ရှင်ဒိသာပါမောက္ခ ကျောက်စာ) ကို ဖတ်ကြည့်ကြလေ။ ယခုအခါ ပုဂံမြို့ ပြတိုက်တွင် ထား၏။ ပုံနှိပ်စာလည်း ရှိလေပြီ။
Posted by မင်းအရိပ်
LikeShow More Reactions
Comment
Comments
Myint Swe Mg Thonnya
Write a comment...
Tin Maung Hlaing added 46 new photos to the album တကောင်း သရေခေတ္တရာ နှင့် ပုဂံ ခေတ်.
ပုံတွေကိုနှိပ်လိုက်ပါက အကြောင်းအရာများကို ဖတ်ရှူနိုင်ပါသည်
LikeShow More Reactions
Comment
Comments
Myint Swe Mg Thonnya
Write a comment...

မြန်မာရာဇ၀င်

Tin Maung Hlaing added 116 new photos to the album ဗဟုသုတ.
ပုံတွေကိုနှိပ်လိုက်ပါက အကြောင်းအရာများကို ဖတ်ရှူနိုင်ပါသည်