Monday, 13 February 2017

“ ကသစ်နီနီ ပွင့်လေပြီ ”

“ ကသစ်နီနီ ပွင့်လေပြီ ”
တေးရေး - မောင်ထွန်းမြင့်
တနှစ်ကူးပြီမို့ အချစ်ဦးကိုတဲ့ မမေ့ဘူး အမြဲသာ
သက်ညှာဆွေ လှရည်ထူးရှာ
ရွက်ဝါကြွေ လသည်အကူးမှာ
စိတ်ထွေတလာ ဟိုသည်လူး
သက်ငုံလှဖူး ရည်စူးယနေ့တိုင် မမေ့နိုင်သည်သာ
ပင်ပေါ်အထက်ယံ မြဖူးရွက်ညှာတံ
လေအသုတ်မှာ ကြွေပြုတ်ခါ
နေခြည်ပုလဲတန်း ရွှေခြည်ကြဲဖျန်းလန်းလန်း ဝေေ၀ဆာ
သန္တာ ထွေးရင့် ကသစ်ပင်ရိပ်မှာ
အနုအလှ သာသာဆင့်ပေး ယုယညှာတာချင့်တွေး
ချစ်စကားကလေးများ ပြောမဆုံးနိုင်သည်သာ။

ပိတုန်းရောင် ဆံမြ လျှောကျပြေရှာ
လေ၀ယ်လှုပ်ရှား လှိုင်းကလေးများပမာ
တပွင့်ကိုဆင် နီလွင်ပနာတင့်ရှာ
ဟိုစဉ်တုန်းမှာ ပန်းလက်ဆောင်ပေး အတွေး စိတ်ကြည်ကာ
မေတ္တာချွေးသိပ် ဒီနေရာ
အကြောင်းသင့် ပေါင်းဆင့် မျှော်တွေး မျှော်တွေး ရက်ကကြာ။
ဟောင်းရွက်ကြွေလျှင် ပြောင်းကြေကုန်ကျူး
နွေရဲ့အကူးမှာ ချစ်ဦးကိုပဲ မှန်းရည်ကာ
ကသစ်နီနီ ပွင့်လေပြီကော ငယ်ပေါင်းသက်ညှာ မမေ့နိုင်သည်သာ
ဒီတခါ မဆင်ရ မရွှင်ပြ ရင်မှာ
ကိုယ့်မေတ္တာပန်း လန်းလျက် ဝေေ၀ဆာ
မြေအလွှာ မကြွေလာခင်မှာ နွေခါဆင်မြန်း ကိုယ့်မေတ္တာပန်း လန်းနေလေသည်ပမာ။
ကသစ်နီနီ ပွင့်လေပြီ
တေးရေး - မောင်ထွန်းမြင့်
တေးဆို - ကိုကျော်ညွန့်
မူရင်း သီချင်းကို ရန်ကြီးအောင်ဝင်း (တောင်တံခါး) စုဆောင်း မျှဝေသည်
http://vocaroo.com/i/s1JAMTjGnhPb
http://picosong.com/8wNG
https://my.pcloud.com/publink/show…
https://soundcloud.com/yanwin-taungdagar/ve0zkadrff2u
https://youtu.be/lz5l_IBXeLw
-5:53

No comments:

Post a Comment