Friday, 13 January 2017

စုံတွဲ ဆိုထား


စုံတွဲ ဆိုထား
ချစ်သူများ တေး။
ကျနော့ မှာ မကောင်းတဲ့ အကျင့် တစ်ခု ရှိပါတယ်
ဟိုစပ်စပ် ဒီစပ်စပ် ၀ါသနာ ပါပြီး
ဘယ် ဟာမှ မထူးချွန်တာပါ။ :D

အဆိုး ဆုံး က အစ ပျိုး ထားတဲ့ အလုပ်တွေ ကို
အပျင်းထူပြီး ဘယ်တော့မှ လက်စ မသတ်ပဲ
တပိုင်း တစ ထစ်ငေါ့ နေတတ်တာပါ။ :D
အခုလည်း စိတ်ကူးပေါ် တုန်းက
တပိုင်းတစ လုပ်ထားတာလေး တင်ပြပေးပါ့မယ်
ရေဒီယို + ဓာတ်ပြား လောကမှာ သီချင်းဆိုတဲ့
လင်မယား စုံတွဲတွေ အမည် များ ကို မှတ်မိသလောက်
စုဆောင်း ထားတာလေး အသံဖိုင်များ နဲ့ တကွ
တင်ဆက်ပေးလိုက်ပါတယ်။
( အတွဲ အဖက် မှားခဲ့ရင်
ကျနော့ ရဲ့ အားနည်းချက် သာ ဖြစ်ပါကြောင်း နဲ့
ထပ်မံ ဖြည့်စွက် ပြင်ဆင် ပေးစေ လိုကြောင်းပါ )
ကိုသန်းလှိုင်၊မူမူမြင့် - မေတ္တာမူပိုင်
စန္ဒရားလှထွဋ်၊သောင်းသောင်းနု - ချစ်သူနှစ်ဦးသို့
စန္ဒရားငွေစိုး၊ညွန့်ညွန့်အေး - ချစ်သက်တမ်းလေးနှစ်ပတ်လည်
တွံတေးသိန်းတန်၊ချစ်စံပယ် - မောင်ရွှေရိုးနဲ့ချစ်စံပယ်
မိုးမင်းဝင်း၊တင်ချိုအေး - အပျော်လှေလေးစီးရအောင်
လှမြင့်ဦး၊မြို့မကြည်ကြည်အေး - စနေထောင့်မှာရေလှူမယ်
Keep all your files safe, access them on any device you own and share with just the right people. Create a free pCloud account!
my.pcloud.com
LikeShow More Reactions
Comment

No comments:

Post a Comment