Sunday, 20 November 2016

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနှင့် ထိုင်းလူမျိုးတို့၏ တရားအမေးအဖြေ

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနှင့် ထိုင်းလူမျိုးတို့၏ တရားအမေးအဖြေ
နည်းလမ်းတွေ ဘယ်လောက်များများ တို့ဗုဒ္ဓက သတိတစ်လုံးပဲဗျာ။ ဘာလုပ်လုပ် လုပ်တဲ့အလုပ်ကို သတိနဲ့တွဲလုပ်။ အဲဒါဝိပဿနာဖြစ်သွားတာပဲ။
သတိနဲ့လုပ်တော့ ကိုယ့်စိတ်ကိုယ့်ဆီမှာရှိတယ်။ ရှိတော့ ကိုယ့်အကြောင်း ကိုယ်သိတာပဲ။ အဲဒါ ၀ိပဿနာဗျ။

ကိုယ်ထဲမှာ နှစ်သက်ရာကိုမှတ်။
တို့ ဘုရားတိုင်း ဘုရားတိုင်းမှတ်တာ နှာခေါင်းပဲ။
နှာခေါင်းမှာ ၀င်လေလေးဝင်တာထွက်တာကို စာလို ၀င်သက်ထွက်သက်ခေါ်တယ်ဗျာ။ အဲဒါ အသက်ပဲဗျာ။ လူတစ်ယောက်လုံးရဲ့အသက်ဟာ နှာခေါင်းမှာရှိတယ်။ ၀င်လေထွက်လေကိုပြောတာ။ ဒီနှာခေါင်းကနေထိုင်ပြီးမှတ်ရင် တစ်ကိုယ်
လုံးအကုန်သိတယ်ဗျာ။ စာလို ပင်တိုင်ကမ္မဋ္ဌာန်းလို့ ခေါ်တယ်။ ကျန်တဲ့အလုပ်တွေလုပ်ရင်းလည်း နှာခေါင်းဝကိုမှတ်ဗျာ။ ဝေဘူဆရာတော်ကြီးက
ဒီအတိုင်းမှတ်သွားတာဗျ။ မှတ်နိုင်ပါ့မလားဗျအဲဒါကျတော့ဗျာ။
မျက်စိကမြင်တဲ့အခါ ကြည့်စရာရှိရင် မျက်စိမှာ သတိချထားဗျာ။
နားကကြားတဲ့အခါမှာ နားထိပ်မှာ ချထားဗျာ။
သတိနဲ့သွားဗျာ။ တသက်လုံးလုပ်သွားဗျ။
ဘယ်တော့မှ မလွှတ်နဲ့ သိရုံသိသွားဗျာ။
တွေးတဲ့စိတ်ကတော့ တွေးမှာပဲ။
ဝိပဿနာဉာဏ်တွေဘယ်လောက်တက်တက်တွေးမှာပဲ။ စိတ်ကိုမနိုင်ရကောင်းလားဆိုပြီး ရန်မလုပ်ရဘူး။ လျှော့လည်းမလျှော့ရဘူး။
မှတ်စရာရှိတာသာမှတ်။ အမှတ်များရင်အတွေးက သူ့ဟာသူလျော့သွားလိမ့်မယ်။
လူတိုင်းလူတိုင်းဟာ မွေးကတည်းက အတွေးနဲ့မွေးလာတာ။
တစ်သက်လုံးလည်းအတွေးနဲ့နေတာ။ လုပ်စရာရှိလည်း အတွေးနဲ့လုပ်နေတာ။
အဲဒါ ထိုင်မှတ်တာ ခဏလေးရှိသေးတယ်။ ချက်ချင်းတော့ မရနိုင်သေးဘူး။ မှတ်အားကောင်းရင်သူ့ဟာ သူတက်သွားမှာပဲ။ ဘုရားဟောတဲ့အထဲမှာ သတိ
ပဋ္ဌာန်ဆိုတာရှိတယ်။ အဲဒါ သတိပဋ္ဌာန်ခေါ်တယ်။ နှာခေါင်းမှတ်မှု ပင်တိုင်ထားပြီး တွေးတာနဲ့နှာခေါင်းနဲ့ ဘယ်ကို စိတ်ရောက်များလဲ။ တွေးတဲ့စိတ်ကိုအရောက်များရင် နှာခေါင်းမှတ်တာ ခဏလွှတ်လိုက် တွေးပြီးတာနဲ့ နှာခေါင်းပြန်မှတ်။ တစ်ခါနှာခေါင်းမှတ်ရင်း ခန္ဓာကိုယ်က နာလာမယ်ဆိုရင် နာတဲ့ဘက်စိတ်အရောက်များရင် နှာခေါင်းမှတ်တာကိုလွှတ်ပစ်ပြီး နာတာကိုမှတ်။ ပြီးမှ
နှာခေါင်းကိုပြန်မှတ်။ အသံကိုကြားလို့ ကြားတာဘက်စိတ်ရောက်တာများသွားလို့ရှိရင် နှာခေါင်းအမှတ်ကိုလွှတ်ပြီး ကြားတဲ့ဘက်ကို မှတ်။
ပြီးမှ နှာခေါင်းကိုပြန်မှတ်။
တို့ ရန်ကုန်ကတည်းက ဒီမေးတာတွေ အိမ်တွင်းရေးတွေက အစ မေးလျှောက်တာ
တွေ အဲဒါတွေ ဒိုင်ခံပြောလာတာ တစ်ယောက်ကစ တစ်ရာဆိုသလို ဖြစ်လာတယ်။ အဲဒီကတည်းက ကြောက်လာတာ။ တစ်ဦးပြောလိုက်ရင် တစ်တိုင်းပြည်လုံးကလာမှာ။ ဒီလောကီကိစ္စတွေကလျှောက်ရမှာမဟုတ်ဘူး။ တို့ဒီတောထဲကနေအာရုံပြုပေးနေတာပဲ။ တို့ရှုမှတ်နေတာဟာ ဒေါသကင်းနေတဲ့အတွက် မေတ္တာပဲ။ ဘုရားတို့ ရဟန္တာတို့ဆိုတာက ဘယ်သူဘယ်ဝါ ကျန်းမာပါစေလို့တိုက်ရိုက်ပေးတာမဟုတ်ဘူး။ ရှုမှတ်နေတာဟာ ဓမ္မဓါတ်လှိုင်းပေးနေတာပဲ။ လ ဟာတစ်ကမ္ဘာလုံးသာနေတာပဲ။ မော့ကြည့်သူ ထွက်ကြည့်သူအေးတာပေါ့။ ကိုယ့်ဘက်က ယုံယုံကြည်ကြည်နဲ့ လထွက်ကြည့်
သလိုထွက်ကြည့်နေရင် အကုန်ပြီးတယ်။
ထပ်ပြီးအဆစ်ပေးလိုက်ဦးမယ်။ သမာဓိ(၃)မျိုးရှိတယ်။တစ်ခါမှတ်တစ်ခါတည်ရင် ပထမ သမာဓိပဲ။(၅)မိနစ် (၁၀)မိနစ်ကလေးတည်နေရင် အဲဒါဒုတိယ သမာဓိပဲ။ ၀ိပဿနာအထက်ပိုင်းရောက်ရင် စိတ်ကဘယ်မှမထွက်တော့ဘူး။ အဲဒါတတိယ
သမာဓိပဲ ။ ထိုင်လို့ သတိမြဲနေပြီဆိုပါစို့။ သတိမြဲကြောင်းကိုနှာခေါင်းရှုရင် နှာခေါင်းမှာ လေနိမိတ်ပေါ်ရတယ်။ တို့တုန်းက
ဖောင်းပိန်မှတ်တော့ ဖောင်းနိမိတ် ပိန်နိမိတ် ပေါ်တာပေါ့။ စိတ်တည်ကြောင်းပြတဲ့နိမိတ်ခေါ်တယ်။ စက်များဆိုရင် ဘယ်နှမိုင်ရောက်ရင် ဘယ်နှမိုင်ရောက်ကြောင်းအချက်ပြသလို တို့ဒီမှာလည်း နှာခေါင်းမှတ်ရင်နှာခေါင်း
အချက်ပြရှိတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ တို့သံသရာအဆက်ဆက်က ပါလာတဲ့ဉာဉ်နဲ့ ဒီကသတိနဲ့သွားတဲ့ဉာဏ်နဲ့ အဲဒီနေရာမှာ အတိုက်အခံ သွားလုပ်တော့ ဉာဉ်ဘက်က အာရုံဆန်းတွေပေါ်တတ်တယ်။ တခြားက လာပြီးပြတာမဟုတ်ဘူး။ စရိုက်လိုက်ပြီး ပေါ်တတ်တယ်။ ဒေါသကြီးသူ ဒေါသကြီးတဲ့အလျောက်ပြမှာ။
ရာဂကြီးတဲ့သူ ရာဂအလိုက်ပြမှာ။ လာချင်တာ လာမှတ်မှာပဲ။
အများဆုံးတွေ့ရတာက သမာဓိတည်ကြည်ခါစ ၀ိပဿနာဉာဏ်တက်တော့ စာလို
အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာမြင်ရတာကိုတို့ကအတ္တစွဲတာကိုး။ ဟိုက အနတ္တပြမှာ တို့က နိစ္စစွဲတာ။ ဟိုက အနိစ္စပြမှာ တို့က သုခလို့ထင်တာကို။ အဲဒီအချိန်မှာပေါ်တာပဲ။ သဒ္ဓါထက်သူကျတော့ ဘုရား ရဟန္တာတို့ပေါ်တယ်။ နတ်တို့ပေါ်တယ်။ ပေါ်ရုံတင်မက လာကိုပြောတာရှိတယ်။ မြင်ရုံမြင်တာပဲရှိတယ်။ အဲဒါကို ဘယ်ကိုမှမလိုက်ဘဲ ကိုယ့်ရှုကွက်ကို လက်မလွှတ်နဲ့။ အဲဒါဆိုရင် မှားစရာမရှိဘူး။ ကိုယ့်ရှု့ကွက်ကို လက်လွှတ်ပြီး အဲဒီနောက်သွားရင် လမ်းမှားပြီ။
တစ်ရက် နှစ်ရက်လောက်နဲ့တော့ မတွေ့နိုင်ဘူး။ သတိအားကောင်းမှ အတွေးမ၀င်မှ
ပေါ်တာ။ တို့ကိုယ်ခန္ဓာမှာ သွေးကလည်ပတ်နေတာ။ အတွေးနဲ့လည်တယ်။ သောကနဲ့လည်တယ်။ မာနနဲ့လည်တယ်။ အဲဒီအချိန်မှာတို့သွေးက မည်းနေတာ။ သွေးကမကြည်ဘူး။ နောက်နေတာ။ အဲဒီတော့ မှတ်ဟဲ့။ မှတ်ပါများတော့ အဲဒီ
စိတ်တွေမပါဘူး။ အတွေးမပါတော့ သွေးကြည်တာပေါ့လေ။ သွေးကြည်ပါများတော့ မှန်ကြည့်တော့ အရိပ်ပေါ်သလိုပေါ့လေ။ အဲဒီတော့မှနိမိတ်ပေါ်တာ။
တရားရအောင်လုပ်မယ်လို့ စိတ်ဘယ်တော့မှ မထားနဲ့။ ကြိုးစားချင်တဲ့စိတ်သာ ရှိရမယ်။ ရချင်တဲ့စိတ်မရှိရဘူး။ သူပြတဲ့နေရာကို ကြည့်နေရင် တရားက သူ့ဟာသူ ဇာတ်ကောင်
တွေက ပြလာမှာ။
လိုချင်စိတ်နဲ့ကြည့်ရင် တွေ့ခဲတယ်။
စိတ်မပါလက်မပါကြည့်ရင် သွေးကမဲနေလို့မမြင်ရဘူး။
မရရအောင် မခံချင်စိတ်နဲ့လုပ်တော့ သွေးကမည်းတယ်။ အဲဒီတော့ မမြင်ရဘူးပေါ့။ အဲဒီတော့ တရားရှာတဲ့အခါ အဲဒီစိတ် (၃)စိတ်မပါရဘူး။
သတိနဲ့မှတ်တော့ ကိုယ်မမြင်ဖူးတဲ့ရှု့ကွက်တွေထဲက အရာတွေမြင်လိမ့်မယ်။ နှာသီးဝဆိုနှာသီးဝပေါ့။ လေရဲ့နိမိတ်တွေ လေတန်းတွေမြင်ချင်မြင်မှာပေါ့။ မြင်လာတော့ ယုံလာတယ်။ ခန္ဓာဖြစ်ပျက်မြင်လေလေ ယုံလေလေပဲ။ ဆရာသမားအပေါ်
ယုံတာလည်း ဖြစ်နိုင်တယ်။ ဒီလိုယုံလာရင်သွေးကကြည်လာတာ။ ကြည်လာမှ ဒီဖြစ်ပျက်မြင်လာတာ။
ထိုင်မယ့်အချိန်မှာ သီလယူပါ။
သီလယူတယ်ဆိုတာ အရင်တုန်းကဟာတွေကို အဖြတ်ခိုင်းတာပဲ။ ဘာစည်းမှ ချဖို့မလိုဘူး။ ဘေးက အနှောင့်အယှက်မလုပ်နိုင်အောင်
သာသနာတော်စောင့်နတ်တွေက စောင့်ရှောက်ပေးရတယ်။ ဆိုင်ရာနတ်တွေက စောင့်ရှောက်ပေးရမယ်။ သာသနာတော်စောင့်နတ်တွေက တာဝန်ယူပေးရတာ။ ဒါကြောင့် သီလယူရတာ။
ကိုယ်လုပ်ချင်တာကိုလုပ်၊ သတိလေးနဲ့လုပ်၊ သတိမပါရင် တို့ဉာဉ်ကခိုင်းတာလုပ်ရလိမ့်
မယ်။ သတိပါတော့ တို့ခိုင်းတာကို ဉာဉ်ကလုပ်ပေးရမှာ။ ဘုရားတရားအပေါ်မှာ ဖြည်ချုပ်ပြီး ၀ယ်ရတာမရှိဘူး။ အောင့်ပြီးဖယ်ရတာမရှိဘူး။ အမှတ်မှတ်ရင်းနဲ့ နောက်တော့ သူ့ဟာသူသိသွားပြီး သတိက ၀ယ်သွားတာ။ တို့ဝယ်တာမဟုတ်ဘူး။
သတိရှိရင် ဘုရားသားပဲ။ သတိမရှိရင် အလကားပဲ။ ဘုရားသားဖြစ်ချင်ရင် သတိရှိမှဖြစ်တာ။ တို့ဒကာဒကာမတွေ ကျမ်းမှာချမ်းသာကြပါစေ။
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

အင်္ဂလိပ်စာ

The western American city of San Francisco, California suffered a huge earthquake on April 18th, 1906. More than three thousand people are known to have died. The true number of dead will never be...
thebestenglish4you.com

အင်္ဂလိပ်စာ

Free Ebooks Download
freebook11.comအ

ဗိုလ်အောင်ဒင် ဇာတ်ကား

ဗိုလ်အောင်ဒင် - ခင်မောင်ရင်+မေမေ၀င်း
ဗိုလ်အောင်ဒင် (ခင်မောင်ရင်၊ မေမေ၀င်း။) ဗိုလ်အောင်ဒင် ဇာတ်ကားအမည် ဖြစ်လာရပုံမှာ စာရေးဆရာ၊ ဇာတ်ညွှန်းရေး ဆရာ ရွှေဒုံးဘီအောင်သည် သူ၏ပွဲဦးထွက် ဒါရိုက်တာ အဖြစ် ရိုက...
youtube.com

အင်္ဂလိပ်စာလေ့လာသူများအတွက်သာဖြစ်၏

ကျေဇူးပြုပြီး Share ဖြင့်ကူညီးပေးပါဗျာ...
==============
Credit : Phyann Wai Soe
ခန္ဓာကိုယ်ရှိ အင်္ဂလိပ်ဝေါဟာရများ..

အင်္ဂလိပ်စာ

အင်္ဂလိပ်စာ
Free Ebooks Download
freebook11.com

ကုန်းဘောင်ခေတ်က သုံးတောင်ဝတ်မဟုတ်ဘူး ဇာတ်လမ်း။

ကုန်းဘောင်ခေတ်က သုံးတောင်ဝတ်မဟုတ်ဘူး ဇာတ်လမ်း။
စိုးခန့် (ကြို့ ပင်ကောက်)၊ဓနုဖြူ ကြည်ကြည်သိန်း၊ဓနုဖြူ ညွှန့် ညွှန့် ရွှေ။
ဖိုင်အမျိုးအစားနှင့် ပမာဏသတိပြုရန် (MP3/128 KBPS/41.1MB)
နားဆင်ဖို့ နဲ့ သိမ်းထားနိုင်ဖို့ .......
http://phyuniwarpyar.blogspot.com/2015/11/blog-post_20.html

တွေးမိတွေးရာရေးမိရေးရာ ( 56 ) ဓမ္မအကြောင်း

တွေးမိတွေးရာရေးမိရေးရာ ( 56 ) ဓမ္မအကြောင်း
တရားနာတာဘာအတွက်လဲ
တရားထိုင်တာ ( တရားအားထုတ်တာ ) ဘာအတွက်လဲ
တရားနာတာ တရားသိဘို့တရားနာတာ (တနည်းအပါယ်တံခါးပိတ်အောင်လို့ပါ)
တစ်ချို့ က တရားနာတာ ကုသိုလ်ရအောင်လို့တရားနာတာလို့ဆိုတယ်။
တရားနာတာကိုယ်ဘာဖြစ်လဲနာပေါ့ ကိုယ်နားလည်(မလည်)နာပေါ့
တရားနာ ကုသိုလ်ရတာပေါ့လို့ဆိုတယ်၊
ဖါးတရားနာသလိုဖြစ်နေမှာလဲစိုးရတယ်-ဖါးက တရားဆိုတာဘာမှနားလည်တာမှမဟုတ်တာ
ဘုရားအသံတော်ကနားဝင်ချိုလို့နားထောင်ကောင်းလို့နာနေတာ ၊နွားကျောင်းသားကသူ့ကျောကို
ဒုတ်နဲ့ထောက်မိလို့သေသွားတော့ နတ်ပြည်မှာနတ်သားသွားဖြစ်တယ်၊
(သည်နေရမှာဖါးကနတ်သားသွားဖြစ်တယ်ဆိုတော့ သဿတဒိဋ္ဌိဖြစ်မှာစိုးလို့နဲနဲရှင်းပြပါအုံးမယ်၊
ဖါးခန္ဓာချုပ်ပြိးနတ်ခန္ဓာသွားရတာပါ၊ဖါးခန္ဓာစုတိ-နတ်ခန္ဓာပဋိသန္ဓေဖြစ်တာပါ
(စုတိ-ပဋိသန္ဓေ) စုတိ= သေတာ ပဋိသန္ဓေ - တဖန်ပြန်ပြိတည်တာ ) တဖြန်ပြန်ဖြစ်တာ
အကြားမရှိမူ၍ကျေးဇူးပြုတာပါ ) သတ္တိသဘောကျေးဇူးပြုလိုက်တာပါ - ဖါးခန္ဓာတစ်တိုတစ်စ
လိုက်ပါသွားတာမဟုတ်ပါဘူး ) လူတစ်ယောက်သေရင်ခုနှစ်ရက်လည်မှအိမ်ပေါ်ကဆင်းတယ်၊
အသုဘချတော့ သဂြိုင်းကမြေကလေးနဲနဲယူလာပြိးအိမ်ကိုလိုက်လာဘို့ခေါ်လာ၊သရဏဂုဏ်
တင်တော့မယ်တရားနာဘို့သူကိုခေါ်လိုက်အုံး(ဗုဒ္ဓဘာသာတွေမှာဒီအယူကတော်တော်စွဲနေတယ်)
သရဏဂုဏ်တင်တယ်ဆိုတာလဲကျန်တဲ့သူတွေကိုတင်တာပါ၊ကိုယ်ချစ်ခင်စုံမက်သူ၊အမိအဘ၊ညီအကို
မောင်နှမတစ်စုံတစ်ယောက်ဆုံးပါးသွားတော့ဘုရး၊တရား၊သံဃာ၊မေ့ပြိးဘုရားမေ့တရားမေ့သံဃာမေ့
ဘုရားမကယ်ဘူးတရားမကယ်ဘူးဖြစ်မှာစိုးလို့(သရဏဂုံပြန်ဆောက်တည်ခိုင်းတာပါ )
သရဏဂုဏ်နဲ့ပတ်သက်လို့ပြောစရာပေါ်လာပြန်တယ်
ဗုဒ္ဓံသရဏံဂစ္စာမိ
ဓမ္မံသရဏံဂစ္စာမိ
သံဃံသရဏံဂစ္စာမိ
ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဘုရားရှစ်ခိုးရင်ဖြစ်စေ-သီလယူရင်ဖြစ်စေ
အရင်ဆုံးသရဏဂုံတင်ကြတယ်၊သရဏဂုံတည်တယ်ဆိုတာ-
ဘယ်လိုဘုရားအဆုံးအမတွေကိုလိုက်နာပြိး၊ဘယ်လိုကျင့်ကြံအားထုတ်-ထားတဲ့ပုဂ္ဂိုလ်ကိုခေါ်တာလဲ
သစ္စကပရဗိုဇ် ကဘုရားကိုမေးတယ်
အရှင်ဘုရား-အဘယ်မျှလောက်သောအတိုင်းအရှည်၊အဘယ်ပမာဏလောက်နဲ့အရှင်ဘုရားရဲ့ 
တပည့်သာဝကအစစ်ဖြစ်ပြီ၊လို့ခေါ်ဆိုနိုင်သလဲ၊ဘယ်လိုသောပုဂ္ဂိုလ်ကို
အရှင်ဘုရားအပေါ်မှာမမှိတ်မသုံယုံကြည်တည်မြဲံသောသရဏဂုဏ်ရှိသောပုဂ္ဂိုလ်လို့ဆိုမလဲ
( ဘယ်လိုအသိတရား၊ဘယ်လိုကျင့်ဆောင်မှုမျိုးနဲ့ အရှင်ဘုရားအပေါ်မှာ
အကြွင်းမဲ့ယုံတဲ့သရဏဂုဏ်မြဲတဲ့ပုဂ္ဂိုလ်လို့ဆိုမလဲ)
ဒါ - သရဏဂုဏ်တည်သူရဲ့ အတိုင်းအရှည်ကိုမေးတာ
အရှင်- အဂ္ဂိဝေဿန - ခန္ဓာ ၅ ပါးရှိတယ် ( ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-၀ိဥာည် )
အဲဒီခန္ဓာငါးပါးကိုအနိစ္စ-မမြဲဘူး(မမြဲတာကို-မမြဲဘူးလို့-သိထားတာ မှတ်ထားတာ၊မမြဲဘူးလို့ယူထားတာ
အဲဒီခန္ဓာငါးပါးဟာဒုက္ခ(ချမ်းသာမဟုတ်ဘူး-ဆင်းရဲတယ်လိုသိတာ-မှတ်ထားတာ၊ယူထားတာ )
အဲဒီခန္ဓာငါးပါးဟာအနတ္တ-အတ္တ၊ငါ့မဟုတ်-ငါမပိုင်-ငါမဆိုင်-အစိုးမရနိုင်လို့သိတာ
မှတ်ထားတာ၊ယူထားတာ
၊အဲဒီလူဟာငါဘုရားအဆုံးအမကိုလိုက်နာပြိး၊ကျင့်ကြံအားထုတ်တဲ့သူဖြစ်တယ်
( သရဏဂုဏါမြဲတဲ့သူဖြစ်တယ် ) င့ါသာဝကအစစ်ဘဲ
လို့ဖြေပါတယ် ၊
( အဲဒီလောက်းယုံကြည်မှုခိုင်မြဲနေရင်ကို-အပါယ်တံခါးပိတ်တယ်၊)
ဗုဒ္ဓံသရဏံဂစ္စာမိ
ဓမ္မံသရဏံဂစ္စာမိ
သံဃံသရဏံဂစ္စာမိ လို့ရွတ်နေရုံနဲ့တော့ အပါယ်တံခါးပိတ်မှာမဟုတ်ပါ ၊
သရဏဂုဏ်တည်ရင်ဘာကြောင့်အပါယ်တံခါးပိတ်သလဲ
ဒုတိယ မေးခွန်းကိုပြန်ကြည့်ရအောင်
တရားထိုင်တာ(တရားအားထုတ်တာ ) ဘာအတွက်လဲ
တစ်ချို့က နိဗ္ဗာန်ရောက်အောင်လို့ပေါ့လို့ဖြေချင်ဖြေမယ်၊
အမှန်ကတော့ဘုရားဟောထားတဲ့တရားကိုတရားနာလို့ဘဲဖြစ်ဖြစ်
စာပေကျမ်းဂမ်ကိုဖတ်ရှုလို့ဘဲဖြစ်ဖြစ်၊သိရှိလာတဲ့တရားအသိကို၊
အရှိတရားဖြစ်အောင်
ဟုတ်မဟုတ်မှန်မမှန် ခန္ဓာနဲ့ပြန်ကိုက်ကြည့်တာပါ၊
ဘုရားက ခန္ဓာ ၅ ပါး ကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ လို့ဟောထားတော့
ခန္ဓာ ၅ ပါးကိုဘဲ အနိစ္စ - ဟုတ်မဟုတ် - ဒုက္ခ-ဟုတ်မဟုတ် - အနတ္တ - ဟုတ်မဟုတ် -
ထိုင်ကြည့် - စောင့်ကြည့် - သုံးသပ်ကြည့် အဲဒါကိုဘဲတရားထိုင်တယ်တရားအားထုတ်
တယ်လိုဆိုတာပါ။ခန္ဓာကိုဘဲပြန်ကြည့်ရတာပါ ။
ခန္ဓာနဲု့တိုက်ကြည့်လို့ဟုတ်တယ်မှန်တယ်လို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ရင်၊
တရားအားထုတ်တဲ့ရည်ရွယ်ချက်မှန်ကန်ပါပြိ
၊ဘုရားဟောတဲ့အတိုင်းအဲဒီလူဟာငါဘုရားအဆုံးအမကိုလိုက်နာပြိး၊ကျင့်ကြံအားထုတ်တဲ့သူ
( သရဏဂုဏါမြဲတဲ့သူဖြစ်တယ် ) အဲဒီလိုတရားသိအောင်/ကိုယ့်မှာတရားကိန်းလာအောင်ကျင့်
ကြံနိုင်တယ်ဆိုရင်တော့ အပါယ်တံခါးပိတ်မှာအမှန်ပါ။
ဒိဋ္ဌြိ့ပုတ်ရင်အပါယ်တံခါးပိတ်တယ်လို့ဆိုထားတော့၊(သောတာပန်ဖြစ်ရင်အပါယ်တံခါးပိတ်တယ်)
ဒါဆိုသောတာပန်ဖြစ်အောင်ဒိဋ္ဌိအရင်ဖြုတ်ရမယ်လို့ဆိုပြီး၊ဒိဋ္ဌြိ့ပုတ်တရားနာ၊တရားထိုင်/တရားအား
ထုတ်လုပ်ကြတယ်၊နောက်ဆုံးတော့တစ်ကြောင်းထဲတစ်ခရီးထဲပါ၊
အထက်ကပြောတဲ့အတိုင်းဘုရားအဆုံးမလိုက်နာပြိးကျင့်ကြံအားထုတ်ရင်-အပါယ်ကဧကန်မုတ်ချ
လွတ်မှာအမှန်ပါ။
မောင်သုည
20-Nov-2014

Tuesday, 8 November 2016

မြန်မာစာအုပ်များ

Monday, 7 November 2016

မဟာဗုဒ္ဓဝင်လေးတော်တင်ခန်း အပိုင်း-၇

ဇာတ်ပွဲကောင်းကောင်းကြည့်ကြမယ် အပိုင်း( ၇ )
စိန်မြန်မာယဉ်ကျေးမှုဇာတ်သဘင်အဖွဲ့ကြီး
မဟာဗုဒ္ဓဝင်လေးတော်တင်ခန်း အပိုင်း-၇
ပါဝင်တင်ဆက်သူများ
သုဒ္ဒေါဓနမင်းကြီး -ဦးကျော်လှ
သုပ္ပဗုဒ္ဓမင်းကြီး -ဦးသန်းစိုး
သိဒ္ဒတ္ထကုမာရ -ဦးသုရဝင်း
ဘဒ္ဒကဉ္ဇနာယသော်ဓရာ - ဒေါ်မြင့်မြင့်ကြည်
ကာဠုဒါယီအမတ် -ဦးညဏ်ဝင်း
ဗက အမတ်ကြီး -ဦးရဲဝင်းနိုင်
ရွာစားကျော် စိန်လှငွေနှင့် အနုပညာရှင်ပေါင်းများစွာတို့ ပါဝင်တင်ဆက်ထားပါကြောင်း
mp4 ဒေါင်းရန် ( 16 MB ) https://my.pcloud.com/publink/show…
ဒီအပိုင်းပြီးရင် မင်းသားကိုညဏ်ဝင်းနဲ့ မြင့်မြင့်ကြည်တို့ရဲ့ ရွှေမန်းနှစ်ပါးသွား ဆက်တင်ပေးပ့ါမယ် ။

ဂန္တ၀င် မေမေ လို့ လူသိများသော တေးသီချင်း၏

ဂန္တ၀င် မေမေ လို့ လူသိများသော တေးသီချင်း၏
တေးရေး အမည် နှင့် မူရင်း တေးသံရှင် အမည် သိလိုပါတယ်။
တေးရေး အောင်ကျော်ထွန်း လို့ ဖေါ်ပြထားတာတွေ တွေ့ဘူးပါတယ်။
အဆိုတော် တော်တော်များများ ပြန်ဆိုနေလို့
မူရင်း ဆိုသူ အမည် တောင်…ဘယ်သူမှန်း မသိတော့လို့ပါ။
ကျနော့မှာ ရှိတဲ့ အထောက်အထား ကတော့
၁၉၉၆ နှစ်က ထွက်ရှိသော တေးရေး မောင်ကြေးမှုံ ရဲ့
ရွှေမှုန်ကြဲ ရင်တွင်းဖြစ် ရတနာသီချင်းစု စီးရီး မှ
မေဆွိ ရဲ့ ကာဗာ နဲ့ အသံဖိုင် ပါ။

အမှတ်တရ စုစည်းတင်ပြခြင်း ဖြစ်ပါသည်။

အမှတ်တရ စုစည်းတင်ပြခြင်း ဖြစ်ပါသည်။
Comments
Thutagoung Wai
Thutagoung Wai ကျေးဇူးအထူးတင်ပါတယ်ဆရာ။
Kyaw Lwin San
Kyaw Lwin San Line ကောင်းလျှင်
Save ရန်။
Myint Swe Mg Thonnya
Write a comment...
Comments

ပုဂံမြို့သူ
ဝတ္ထု - မောင်သိန်းဆိုင်
တေးဆို - ခင်ညွန့်ရည်
ဂီတမှုး - စန္ဒရားတင်ဝင်းလှိုင်
... See more

မဖတ်မိ သေးသူများ အတွက်
Kyaw Lwin San to မြန်မာဂန္တ၀င်သီချင်းများ
ဂီတစာဆို ....ဆရာ ရွှေတိုင်ညွန့်
၁၉၀၉ မှာ မွေးပြီး ၁၉၄၅ မှာ ကွယ်လွန်တော့....သူ့ အသက် ၃၆ နှစ်...။
လူငယ်..သာသာ .လူလတ်တန်း..အသက်နဲ့..
ရေးဖွဲ့ သီကုံး သွားတဲ့ သီချင်းေ...
See more
Comments
Kyaw Lwin San
Kyaw Lwin San မကြည်​​အောင်
မူရင်း ဆို​ကြောင်း
Khin Haw
Khin Haw ရွှေတိုင်ညွှန့်  (၀စနဆရာဆိုင်) ၏ သူရေးသီခဲ့တဲ့ တေးသီချင်းများ
Like · Reply · 1 · 17 hrs · Edited
Myint Swe Mg Thonnya
Write a comment...
အောင်ဗလအလွမ်းပြေ
တေးရေး - ရွှေတိုင်ညွန့် 
တေးဆို - မကြည်အောင်
... See more
Comments
Sein Aye

မဲဇာမြိုင်
တေးရေး - သဟာယ ဆရာတင်
တေးဆို - မေရှင်
... See more

ဇာတ်ပွဲကောင်းကောင်းကြည့်ကြမယ် အပိုင်း( ၇ )
စိန်မြန်မာယဉ်ကျေးမှုဇာတ်သဘင်အဖွဲ့ကြီး
မဟာဗုဒ္ဓဝင်လေးတော်တင်ခန်း အပိုင်း-၇
ပါဝင်တင်ဆက်သူများ
သုဒ္ဒေါဓနမင်းကြီး -ဦးကျော်လှ...
See more
Play
0:00
sts